Thursday, November 17, 2016

"ညီတော်အာနန္ဒာ"

"ညီတော်အာနန္ဒာ"

(က)"အရှင်အာနန္ဒာရရှိသော ဧတဒဂ်ငါးတန်"

(၁)အကြားအမြင်ဗဟုသုတအရာ၌ အမြတ်ဆုံး။

(၂)သတိလွန်ကဲရာ၌ အမြတ်ဆုံး။

(၃)ဥာဏ်သွားရာ၌ အမြတ်ဆုံး။

(၄)ပိဋကတ်သင်ယူရာ၌လည်းကောင်း ဘုရားရှင်
      လုပ်ကျွေးရာ၌လည်းကောင်း ဝီရိယရှိသူတို့
      တွင်အမြတ်ဆုံး။

(၅)မြတ်စွာဘုရားအလိုတော်ကျအောင် လုပ်
     ကျွေးရာ၌ အမြတ်ဆုံး။

(ခ)"အရှင်အာနန္ဒာ၏ ပယ်ဆုလေးတန်"

(၁)ကိုယ်တော်မြတ်ရအပ်သော သင်္ဃန်းကောင်း
      မပေးစွန့်ပါရန်။

(၂)ကိုယ်တော်မြတ် ရအပ်သည့်ဆွမ်းဘောဇဉ်
      ကောင်းများ မပေးပါရန်။

(၃)ကိုယ်တော်မြတ်နှင့်အတူတကွ ဂန္ဓကုဋီ
     ကျောင်းတော်တစ်ခုတည်း၌ နေခွင့်မပြု
     ပါရန်။

(၄)ကိုယ်တော်မြတ်အား ပင့်ဖိတ်ရာသို့ တပည့်
      တော်အား နောက်ပါခေါ်၍ မကြွပါရန်။

(ဂ)"အရှင်အာနန္ဒာ၏ ပန်ဆုလေးပါ"

(၁)အကျွန်ုပ် ပင့်ဆောင်အပ်သည့် ဒကာ ဒကာမ
     များ ဖိတ်ကြားရာအရပ်သို့ ကြွရောက်ပါရန်။

(၂)အကျွန်ုပ်သည် အရပ်တစ်ပါးမှလာတိုင်းလာ
     တိုင်းသော ဘုရားဖူးများကို ထိုခဏမှာပင်
     ဖူးမြှော်စေခွင့်ပြုပေးပါရန်။

(၃)အကျွန်ုပ်ယုံမှားသံသယဖြစ်သော ခဏမှာပင်
     ဆည်းကပ်၍ မေးမြန်းခွင့်ပြုပါရန်။

(၄)ရှင်ပင်ဘုရားသည် အကျွန်ုပ်၏ မျက်ကွယ်၌
      ဟောကြားတော်မူခဲ့သော တရားတော်ကို
      တစ်ဖန်ကျွန်ုပ်အား ဟောကြားပေးပါရန်။

                              ရွှင်လန်းချမ်းမြေ့ပါစေ
                                 

#ငြိမ်းချမ်းပါစေ

အလုပ်

"အလုပ်"

      "ချိန်ခါသိလင့် သင့်အောင်ပြုခြင်း မပျင်းမရိ
လုံ့လရှိလျက် မပျက်စီးစေ အလုပ်တွေ ရှုပ်ပွေ
မရှိရာ"

         အလုပ်တစ်ခုကို သူ့အချိန်နှင့်သူ မှန်မှန်
လုပ်လျှင် ထိုအလုပ်မှာ ချောမောစွာပြီးမြောက်
ရာ၏ အလုပ်၌ချို့တဲ့ချက်မရှိရာ။   ထိုသို့ မဟုတ်
ပါပဲ အချိန်လွန်မှစလုပ်လျှင် အလုပ်သေသပ်မှု
မရှိနိုင် အချိန်မှီမပြီးပဲ တစ်ပိုင်းတစ်စနှင့် သိမ်း
လိုက်ရပေမည်။ထို့ကြောင့် အချိန်လွန်ခြင်းသည်
အလုပ် အစမသတ် မသေသပ်ခြင်းတို့ကြောင့်
အလုပ်ရှုတ်ထွေးခြင်းပြုတတ်ရာ အချိန်မှန်ပြုလုပ်
ခြင်းမှာ သေသပ်ချောမော မရှုပ်ထွေးသော
အလုပ်ဖြစ်ကြောင်း ပင်တည်း။

            ထို့ပြင် အလုပ်နှင့်သင့်လျော်သောအရပ်
ဒေသ အချိန်ကာလ စသည်တို့ကို ရွေးချယ်ပြု
လုပ်ပါမှ အလုပ်ချောမောအောင်မြင်နိုင်သည်။
ထိုသို့မဟုတ်ပဲ မိုးလွန်မှထွန်ချဆိုသကဲ့သို့ အချိန်
မသင့်ခြင်း သဲကန္တာရ၌စပါးစိုက်သကဲ့သို့ အရပ်
ဒေသမသင့်ပါက အလုပ်မပြီးမြောက် မချောမော
ဖြစ်ရသည်။

             အချို့သောသူများကား အလုပ်ကို
ကောင်းစွာမလုပ် အကြောဆွဲလျက် ပျင်းရိကြကုန်၏။ လူပျင်းကား ပူသည်အေးသည် မိုးချူပ်သည်
စောသေးသည် ဆာသည် ဝမ်းပြည့်လွန်းသည်
ဟု ဆင်ခြေအမျိုးမျိုးပေးကာ အလုပ်ကိုရှောင်
တတ် ဖင့်နွှဲ့စေတတ်၏။ထို့ကြောင့် ၎င်းလူပျင်း
များကို စီးပွါးဥစ္စာတို့က ကျော်သွားတတ်သည်ဖြစ်
ကြောင်း အပူအအေးကို မြက်မှိုက်လောက်မျှ အ
မှုမထား ကြိုးစားအလုပ်လုပ်သူသာ ချမ်းသာနှင့်
မကွာ ရကြောင်းကို သိင်္ဂါလသုတ်၌ ဘုရားရှင်
ဟောတော်မူသည်။

             မပျင်းလျှင် လုံ့လရှိခြင်းလည်း ဖြစ်သည်
ဟုဆိုသော်လည်း တစ်ခါတစ်ရံ အလုပ်ကိုမပျင်း
တတ်သူဖြစ်စေကာမူ အလုပ်၌ စိတ်မဝင်စား အ
လုပ်မှတစ်ပါး အခြားအရေး၌ စိတ်ဝင်စားတတ်
ခြင်း စသည်ဖြင့် ပေါ့လျော့ နမော်နမဲနိုင်မှုကြောင့်
အလုပ်လစ်ဟင်းမှုဖြစ်တတ်သေးရာ ဝီရိယရှိခြင်း
ကိုလည်းသီးခြားပြရသည်။ ဝီရိယဆိုသော်လည်း
နားလည်ကျွမ်းကျင်မှု ရှိရန်လိုအပ်သည်။ အလုပ်
၌ နားလည်ကျွမ်းကျင်မှု မရှိက အလုပ်မချောမော
မပြီးမြောက်ခြင်း အလုပ်ပျက်စီးတတ်ခြင်းဖြစ်ရာ
နားလည်ကျွမ်းကျင်၍ ဝီရိယရှိသူသာ အလုပ်၌
အောင်မြင်ရမည်သာ။

            အလုပ်မလုပ်ခြင်း ကောင်းစွာမလုပ်ခြင်း
သည် အလုပ်ကို ဖျက်ဆီသည်မည်၏။ ထို့ကြောင့်
မိန်းမ အပျော်အပါးလိုက်စားခြင်း မူယစ်သေစာ
ကြူးခြင်း လောင်းကစားကြူးခြင်း စသော စီးပွါး
ပျက်ကြောင်း အလုပ်ပျက်ကြောင်းများလည်း
အလုပ်ကို ထိခိုက်ပျက်စီးစေသည်။

             ဥစ္စာယိုထွက်ကြောင်းအပေါက်ခြောက်
ပါးဖြစ်သော ပျင်းရိခြင်း မေ့လျော့ပေါ့ဆခြင်း
ဇွဲလုံ့လမရှိခြင်း မစောင့်စည်းမထိန်းသိမ်းခြင်း
အအိပ်ကြူးခြင်း ကိုယ်တစ်ဆန့်ဆန့် အပျင်းကြော
ဆွဲခြင်းများသည် အလုပ်ပျက်စီးကြောင်းများပင်
တည်း။ ထိုသူမျိုးကား အလုပ်မလုပ် လုပ်သော်
လည်း ကောင်းစွာမလုပ်၍ အလုပ်ဆို ဖျက်ဆီးသူ
များဖြစ်၍ ကြီးပွါးအောင်မြင်ရေးမှန်သမျှကို မိမိ
အကျင့်ဆိုးဖြင့် ဖျက်ဆီးတတ်သူလူမိုက်ဖြစ်
ကြောင်း ဘုရားရှင်ဟောတော်မူကြောင်း ရေးသား
လိုက်ရပေသည်။

                              ရွှင်လန်းချမ်းမြေ့ပါစေ
                                  

#ငြိမ်းချမ်းပါစေ

"မြင့်မြတ်သော ကြယ်တာရာအုပ်စုဝင်"

"မြင့်မြတ်သော ကြယ်တာရာအုပ်စုဝင်"

(၁)ဒါနပါရမီ
          
             သူတော်ကောင်းတို့ ကျွန်ုပ်တို့ဘုရားအ
လောင်းတော်သည် ဤဒါနပါရမီ၌ ဥစ္စာပစ္စည်းနှင့်
စပ်လာလျှင် သွန်မှောက်ချသော မိုးရေအလား
တွယ်တာကပ်ညိခြင်း အလျဉ်းကင်းလျက် အား
သစ်၍ စွန့်လှုဆည်းပူးလျက် ရွှေငွေပစ္စည်းတွင်
မက ဇနီးမယား သမီးသားတို့ကိုလည်းကောင်း
မျက်စိ နား နှာခေါင်း အစရှိသော အင်္ဂါကြီးငယ်
တို့ကိုလည်းကောင်း အသက်ကိုပင်လည်း
ကောင်း ငဲ့ကွက်တွယ်တာခြင်းမရှိပဲ ဖုန်တောင်း
ယာစကာအစရှိသော အလှုခံတို့ရောက်လာလျှင်
ကြက်သီးမွှေးညင်းထလောက်အောင်ပင် ရဲ့ဝံ့
စွာပင် သဗ္ဗညုတဥာဏ်ရည်သန်လျက် ဤဒါနပါ
ရမီကို ဖြည့်ကျင့်ဆည်းပူးတော်မူပါ၏။

(၂)သီလပါရမီ

          သူတော်ကောင်းတို့ ကျွန်ုပ်တို့ဘုရားအ
လောင်းတော်သည် ဤသီလပါရမီ၌ ကိုယ်ရေ
ကိုယ်သား အသက်ကိုပင် ပဓါနမထားပဲ စာမရီ
မည်သော မိမိအမွှေးအမြီးတစ်ပင်ကိုသော်မှ
မကျွတ်ထွက်ခြင်းငှာ အသက်ကိုပင်အသေခံ၍
္ဒစောင့်ရှောက်သည့်အလား ကြက်သီးမွှေးညင်း
ထလောက်အောင်ပင် ခိုင်ခံ့မြဲမြံသောစိတ်ဓါတ်
ဖြင့် အသက်ကိုပင်သေစေ ကောင်းစွာစောင့်
ရှောက်အပ်သော ဤသီလပါရမီကို သဗ္ဗညုတ
ရွှေဥာဏ် ရည်သန်လျက် ဖြည့်ကျင့်တော်မူပါ၏။

(၃)နိက္ခမပါရမီ

            သူတော်ကောင်းတို့ ကျွန်ုပ်တို့ဘုရားအ
လောင်းတော်သည် ရက်လရှည်ကြာ နှောင်အိမ်
အတွင်း၌ ပျက်စီးငြီးငွေ့ မပျော်မွေ့နိုင်ပဲ နှောင်
အိမ်တွင်းမှ လွတ်ကင်းထွက်မြောက်ရာဖြစ်သော
ရသေ့ ရဟန်းပြုခြင်း တောထွက်ခြင်း စသော သူ
တစ်ပါးတို့ ကျင့်နိုင်ခဲသော နိက္ခမပါရမီတော်ကို
သဗ္ဗညုတရွှေဥာဏ် ရည်သန်လျက် ဖြည့်ကျင့်
ဆည်းပူးတော်မူခဲ့ပါ၏။

(၄)ပညာပါရမီ
             
               သူတော်ကောင်းတို့ ကျွန်ုပ်တို့ဘုရား
အလောင်းတော်သည် ဥပမာ "အိမ်စဉ်ကို လှည့်
လည်၍ ဆွမ်းခံသောအရှင်သည် အယုတ်
အလတ် အမြတ်မရွေး ခရီးစဉ်တစ်လျောက်
ဆိုက်ရောက်တွေ့မြင်ရာအိမ်တိုင်း၌ ဆွမ်းရပ်ပါ
လျှင် ဆွမ်းပြည့်စုံသကဲ့သို့ "  တွေ့ဆုံရသော
ကောင်းမြတ်သောပညာရှိဟူသမျှကို ဆည်းကပ်
မေးမြန်းနှီးနှော၍ သဘောပိုက်မိအောင် ဆည်းပူး
တော်မူလျက် မြတ်သော သဗ္ဗညုတရွှေဥာဏ်
တော်အလို့ငှာ ဤပညာပါရမီကို ဖြည့်ကျင့်ဆည်း
ပူးတော်မူပါ၏။

(၅)ဝီရိယပါရမီ

            သူတော်ကောင်းတို့ ကျွန်ုပ်တို့ ဘုရား
အလောင်းတော်သည် ။
              "ဥပမာအားဖြင့် သားရဲအပေါင်းတို့၏
အရှင်ခြင်္သေ့မင်းသည် ဣရိယာပုတ်တစ်ပါးပါး
၌ ဝီရိယကို မလျော့မပျက်စေပဲ အခါခပ်သိမ်း
လုံ့လပြုသည့်"  နည်းတူ ဘုရားအလောင်းတော်
မြတ်သည် ဣရိယာပုတ်လေးပါး၌ ထိုဝီရိယ
တရားတို့ကို မယုတ်စေပဲ သဗ္ဗညုတရွှေဥာဏ်
တော်ကိုရည်သန်လျက် အရေမျှ အရိုးမျှကြွင်း
စေ မလျှော့သော ဇွဲ လုံ့လတို့ဖြင့် ဤဝီရိယ
ပါရမီတော်ကို ဖြည့်ကျင့်ဆည်းပူးတော်မူပါ၏။

(၆)ခန္တီပါရမီ

              သူတော်ကောင်းတို့ ကျွန်ုပ်တို့ဘုရား
အလောင်းတော်သည် ဥပမာအားဖြင့် ဤမဟာ
ပထီမြေကြီးသည် အယုတ်အမြတ်မကြွင်း မိမိ
အပေါ်သို့ ချနင်းခြင်းကြောင့် တစ်စုံတစ်ရာ ထူး
ခြားခြင်းမရှိပဲ မတုန်မလှုပ်သည်းခံသည့်အလား
ဤခန္တီပါရမီကို သဗ္ဗညုတဥာဏ်ရဖို့ရန် ရည်သန်
လျက် ဖြည့်ကျင့်တော်မူပါ၏။

(၇)သစ္စာပါရမီ

               သူတော်ကောင်းတို့ ကျွန်ုပ်တို့ဘုရား
အလောင်းတော်သည် ဥပမာအားဖြင့် ကောင်း
ကင်အလယ် သောက်ရှုးကြယ်သည် မိမိသွားရိုး
လမ်းစဉ်မှလွဲ၍ သွားရိုးမရှိသကဲ့သို့ ပစ္စည်းဥစ္စာ
ရတနာရွှေငွေ ရာထူးဂုဏ်သိန် အထွေထွေ
ကြောင့်ဖြစ်စေ ဆွေမျိုးဥာတိတို့ကြောင့်ဖြစ်စေ
အဂတိလေးပါးကိုမလိုက်စားပဲ ပကတိ တည်မြဲ
ဖြောင့်မှန်သော အကျင့်မြတ်ဖြင့် သဗ္ဗညုတဥာဏ်
ရဖို့ရန်ငှာ ဤသစ္စာပါရမီကို ဖြည့်ကျင့်တော်မူ
ပါ၏။

(၈)အဓိဋ္ဌာန်ပါရမီ

              သူတော်ကောင်းတို့ ကျွန်ုပ်တို့ဘုရား
အလောင်းတော်သည် ဥပမာအားဖြင့် ကျောက်
အတိပြီးသောတောင်ကြီးသည် လေမုန်တိုင်းတို့
ကြောင့် မယိမ်းမယိုင်ခိုင်မတ်စွာ တည်နေသကဲ့
သို့ မိမိဆုံးဖြတ်အဓိဋ္ဌာန်သော သီလအစရှိသော
သူတော်ကောင်းတရားတို့ကိုမယိမ်းယိုင် မပျက်
စီးစေပဲ သဗ္ဗညုတရွှေဥာဏ်တော်အလို့ငှာ ဤ
သစ္စာပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပါ၏။

(၉)မေတ္တာပါရမီ

             သူတော်ကောင်းတို့ အကျွန်ုပ်တို့ ဘုရား
အလောင်းတော်သည် ဥပမာအားဖြင့် ရေတို့မည်
သည် စီဆင်းရာတစ်လျောက် အယုတ်အလတ်
အမြတ်မရွေး ခပ်သိမ်းသောသူတို့အား သောက်
ချိုးခြင်းငှာ ပေးအပ်ဘိသကဲ့သို့ အကျိုးစီးပွါး နဲသူ
များသူဟု တွေးယူခွဲခြား သဘောမထားပဲ အလုံး
စုံသော သတ္တဝါအပေါင်းကို တစ်သားတည်း
မေတ္တာဖြင့်ယှဉ်လျက် သဗ္ဗညုတရွှေဥာဏ်တော်
အလို့ငှာဖြည့်ကျင့်တော်မူပါ၏။

(၁၀)ဥပေက္ခာပါရမီ

            သူတော်ကောင်းတို့ ကျွန်ုပ်တို့ဘုရားအ
လောင်းတော်သည် ဥပမာအားဖြင့်ဤမဟာပထဝီ
မြေကြီးသည် စိမ်းကျက်မရွေး အလေးအပေါ့နှင့်
တကွ ဣဋ္ဌ အနိဋ္ဌ အလုံးစုံကို အကုန်ညီစွာ
ဥပေက္ခာပြုသကဲ့သို့  ယုတ်လတ်မဟူမည်သူ့ကို
မဆို အမျိုးအဆွေကိုသော်လည်း မထူးခြားစေပဲ
ဒုက္ခ သုက္ခနှစ်ပါးတို့၌ ဥပေက္ခာစိတ်နှလုံးထား၍
မိမိကိုယ်ကိုဆုံးမလျက် အားသစ်ကာ သဗ္ဗညုတ
ရွှေဥာဏ်တော်အလို့ငှာ ထိုဥပေက္ခာပါရမီကို
ဖြည့်ကျင့်ဆည်းပူးတော်မူပါ၏။

              လောက၌ ကြိုးစားလျှင် အတုလဘဂဝါ
သညာထွဋ်ထား မြတ်ဘုရားကြီးပင်ဖြစ်နိုင်
ကြောင်း ဘုရားရှင်ဟောကြားတော်မူရာ မြဲမြံ
ခိုင်မာသော သမာဆန္ဒလုံ့လဝီရိယတိုဖြင့်
ပါရမီစခန်း ပညာလမ်းသို့ တက်လှမ်းတော်မူနိုင်
ကြပါစေကြောင်း စေတနာသွန်းလောင်းအပ်ပါ
သတည်း။

                           ရွှင်လန်းချမ်းမြေ့ပါစေ
                              

#ငြိမ်းချမ်းပါစေ

ပါရမီ

"ပါရမီ"
        ပါရမီဟူသည် မိမိအကျိုးအတွက် ငဲ့ကွက်
လိုလာခြင်းမရှိပဲ အများကောင်းကျိုးအတွက်
လည်းကောင်း သံသရာမှလွတ်မြောက်ရေးအ
တွက်လည်းကောင်း(မူကွဲများ၌ ရှေးကဖြည့်ကျင့်
ခဲ့သော အကြောင်းအကျိုးတရား) သူတော်
ကောင်းတို့ ပြုအပ်သော ဒါန အစရှိသောကောင်း
မှုများပင်။
         ထိုကောင်းမှုများဖြင့် မြင့်မြတ်သူဟု သိရ
သည်ဖြစ်ရာ မြင့်မြတ်သူဖြစ်ကြောင်း ပါရမီသည်
မြင့်မြတ်သူတို့၏ ဖြစ်ကြောင်းဖြစ်ရာတည်း။
          လူညံ့များမှာ ကောင်းမှုပင်ဖြစ်စေ မိမိ
အတ္တဖြစ်သော ဂုဏ်သတင်းအတွက် အများအ
ထင်ကြီးလေးစာခံရဖို့အတွက်သာ ပြုလုပ်လို
ကြသည်။ သံသရာမှလွတ်ရေးထက် ဘဝကောင်း
စားရေး ထင်ပေါ်ကျော်ကြားရေးကိုသာ အလေး
ပေးတတ်၏။
            ထို့ကြောင့် ပါရမီမြောက်အလုပ်များမှာ
လူညံ့တို့အရာမဟုတ် သူတော်ကောင်း သူမြတ်
လောင်းတို့အရာသာတည်း။ ထိုအလုပ်များမှာ
ဘဝအပြစ်ကိုမြင်၍ အများအပေါ်၌ မေတ္တာ
ကရုဏာအားကြီးသော သူတော်ကောင်းတို့၏
လုပ်ငန်းဖြစ်၍  ပါရမီကိုမြင့်မြတ်သူတို့အလုပ်ဟု
ဘုရားရှင်ဟောတော်မူ၏။

"ပါရမီဆယ်ပါး အပြားအားဖြင့်သုံးဆယ်"

(၁)ဒါနပါရမီ

(၂)သီလပါရမီ

(၃)နေက္ခမပါရမီ

(၄)ပညာပါရမီ

(၅)ဝီရိယပါရမီ

(၆)ခန္တီပါရမီ

(၇)သစ္စာပါရမီ

(၈)အဓိဋ္ဌာန်ပါရမီ

(၉)မေတ္တာပါရမီ

(၁၀)ဥပေက္ခာပါရမီ

           ဟူသောဆယ်ပါးသောပါရမီတို့တည်း။

          ပြင်ပဥစ္စာလှုဒါန်းခြင်းကို ဥပပါရမီဆို၏။
ပရမတ္ထပါရမီကား အသက်ကိုစွန့်လှုခြင်းတည်း။
ဒါန၌သုံးမျိုးကွဲပြားသလို အပ ပစ္စည်းကိုစွန့်၍
သီလစောင့်ခြင်း ကိုယ်အင်္ဂါနစ်နာပျက်စီးခံ၍
သီလစောင့်ခြင်း အသက်အသေခံ၍ သီလစောင့်
ခြင်း စသည်ဖြင့် အခြားပါရမီတို့၌လည်း ဥပ
ပရမတ္ထ တို့ကိုခွဲရာ၏။ ဤပါရမီ ဥပပါရမီ ပရမတ္ထ
ပါရမီခွဲရာ၌ နည်းအမျိုးမျိုးရှိခဲ့ရာ ယခုခွဲပြပုံမှာ
ထိုခွဲနည်းများမှတစ်နည်းသာဖြစ်၏။

"ဒါန'သီလ'နေက္ခမ'ပညာ'    ဝီရိယာ'ခန္တီ 'တလီ
သစ္စာ'    အဓိဋ္ဌာန် 'ပါလျက် မေတ္တာ 'ဥပေက္ခာ'
မှတ်စရာ     ပါရမီဆယ်ပါးတည်း"

"ပြင်ပဥစ္စာ ကိုယ်အင်္ဂါနှင့်
  ဇီဝှာအသက် ငဲ့ကွက်မရှု
  စွန့်မှုအညီ အစဉ်မှီ၍
  ပါရမီဥပ ထိုမှ ပရမတ်
  ယှဉ်ကာဟပ်လျက်
  စွဲမှတ်ပါရမီ သုံးမျိုးတည်း။"

                              ရွှင်လန်းချမ်းမြေ့ပါစေ
                                

#ငြိမ်းချမ်းပါစေ

"ပျားတစ်စက်ကြောင့် ပြည်ပျက်ကုန်ကြ"

"ပျားတစ်စက်ကြောင့် ပြည်ပျက်ကုန်ကြ"

        ရှေးအခါက ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း
မင်းပြု၏ ထိုမင်းတွင် ပုရောဟိတ်ပုဏ္ဍားတစ်
ယောက်ရှိသည်။တစ်နေ့သောအခါ ဗြဟ္မဒတ်မင်း
နှင့် ပုရောဟိတ်တို့သည် ပျားရည်ဆမ်းထားသော
ပေါက်ပေါက်ကို သုံးဆောင်ကြ၏။
        ထိုပေါက်ပေါက်မှ ပျားရည်တစ်စက်သည်
ခင်းထားသောပိတ်ဖြူပေါ်သို့ကျလေသည်။ ထို
ပျားရည်စက်ကို ယင်ကစုပ်သည်။ ပျားရည်စုပ်
သောယင်ကို ပင့်ကူကကိုက်သည် ပင့်ကူကို
အိမ်မြောင်ကကိုက်သည်။
            အိမ်မြောင်ကိုကြွက်ကကိုက်သည် ကြွက်
ကိုကြောင်ကကိုက်သည်။ထိုကြောင်ကို တစ်ဖန်
ခွေးကကိုက်ပြန်၍ ကြောင်ရှင်မင်းသားနှင့် ခွေး
ရှင်မင်းသားတို့ ခိုက်ရန်ဖြစ်ကြရာ ပြည်သူပြည်
သားများပါ ပါဝင်လာပြီး ပြည်ပါပျက်လေသည်။

             ဘာမဟုတ်သော ပြသနာကိစ္စလောက်
ဖြင့် အချင်းချင်းမညီညွတ်ကြလျှင် ထိုမညီညွတ်
မှုကြောင့် ဖြစ်ပွါးရသောစစ်မက်များကြောင့်
စတေးရသော အသက်သွေးချွေးများသည် ထို
ပြသနာကိစ္စများနှင့် နှိုင်းယှဉ်ကြည့်လျှင် ထိုက်
တန်ပါမည်လား???
                             ရွှင်လန်းချမ်းမြေ့ပါစေ
                                

#ငြိမ်းချမ်းပါစေ

"ရှေးမြန်မာ ရေကင်းသဘင်များတွင် အသုံးပြုခဲ့ သော တက်ရေးများ"

"ရှေးမြန်မာ ရေကင်းသဘင်များတွင် အသုံးပြုခဲ့
သော တက်ရေးများ"

"ပထမ တက်ရေး(၁၂)ပါး"

        (၁)ရေပေါက်ကျဲဟန်(၂)ပုလဲသီဟန်
(၃)ပန်းဝတ်ချွေဟန်(၄)ဟင်္သာဖိုဝဲဟန်(၅)ဟင်္သာ
အဖေါ်ခေါ်ဟန်(၆)စင်ရော်သုတ်ဟန်(၇)စင်ရော်
ဝဲဟန်(၈)အိမ်မိုးခြင်တင်ဟန်(၉)နတ်သမီးပန်းကုံး
ဟန်(၁၀)နတ်သမီးပန်းကုံးဆင်ဟန်(၁၁)ပန်း
ဆွတ်ခူးဟန်(၁၂)ပန်းတောင်းချီဟန်   စသော
တက်ရေး(၁၂)ပါး။

"တစ်နည်းတက်ရေး(၃၇)မျိုး"

         (၁)ဘုရားရှိခိုးဟန်(၂)ရွှေလောင်းချီ(၃)ရွှေ
လောင်းထွက်(၄)ရွှေဖောင်ရှည်(၅)တက်ကောက်
(၆)တက်မြှောက်(၇)တက်ထမ်း(၈)တက်စောင့်
(၉)တက်ထောင်(၁၀)တက်ယှက်(၁၁)တက်ဝှက်
(၁၂)တက်စမ်း(၁၃)တက်လှ(၁၄)အိမ်မိုးခြင်တင်
(၁၅)စင်ရော်သုတ်(၁၆)စင်ရော်ဝဲ(၁၇)ဝမ်းဘဲ
တောင်(၁၈)ဝမ်းဘဲကန့်(၁၉)လက်ပြန်(၂၀)ခေါ်
တော်မူ(၂၁)နတ်သမီးပန်းကုံး(၂၂)နတ်သမီးပန်း
ဆွတ်(၂၃)နတ်သမီးပန်းလှန်း(၂၄)နတ်သမီးပန်း
တောင်း(၂၅)သန်လျက်ထမ်း(၂၆)ဆေးတော်ထိုး
(၂၇)ရာဇမတ်ကြီး(၂၈)ရာဇမတ်ငယ်(၂၉)နေ
ရောင်ကာ(၃၀)နေရောင်ပြ(၃၁)တင်းတိမ်ရံ
(၃၂)တင်းတိမ်လှစ်(၃၃)သုံးချက်ပေါက်ပြန်
(၃၄)စပယ်ငုံ(၃၅)ဆင်စွယ်ဝန်းယှက်(၃၆)ကိံန္န
ရာတောင်ယှက်(၃၇)ရွှေငှက်တောင်ခတ်

စသော တက်ရေး(၃၇)မျိုး အကျယ်ကိုသရုပ်ပြ
အဘိဓါန်တွင် ကြည့်ပါ။

            ၎င်းတက်ရေးများကို ရှေးမြန်မာမင်းများ
လက်ထက် ရေကင်းသဘင်များတွင် အသုံးပြု
ခဲ့ကြသော်လည်း  ယခု အခါ အင်းလေးဒေသ
ဘာသာရေးအခန်းအနားဖြစ်သော ဖေါင်းတော်
ဦးဘုရားလှည်လှည်ပူဇော်ပွဲ အခမ်းအနားနှင့်
လှေလှော်အသင်များ မှ မည်သို့မည်ပုံလှော်ခတ်
ကြသည်ကိုကား မသိပါ။
             အာရှတွင်ကား ရေကင်းသဘင်ကို
ပဒေသရာဇ် လက်ကျန်နိုင်ငံဖြစ်သော ထိုင်း
ဘုရင့်နိုင်ငံတွင်မူ ရှေးရိုးရာမပျက် နှစ်စဉ်ကျင်းပ
ကြောင်း သိရပါသည်။

                          ရွှင်လန်းချမ်းမြေ့ပါစေ
                             

#ငြိမ်းချမ်းပါစေ

"မြင်းရေး(၃၇)မျိုး"

"မြင်းရေး(၃၇)မျိုး"

         (၁)မြင်းခန်သဘင်(၂)နတ်ယာဉ်ညင်
(၃)မြေပြင်ချီသောင်း(၄)ချီအဲမောင်း(၅)ယာ
ပြောင်းဝဲရွေ့(၆)ရှေ့စလွယ်တင်(၇)ကခွင်နောက်
ညောင်း(၈)ကဦးလောင်း(၉)ဘယ်ပြောင်းညာကြွ
(၁၀)ခက်မလေးမည် ပိုးခြည်အလွှား(၁၁)ကျားမြီး
အဆွဲ(၁၂)တောင်ဝှေးလွှဲ(၁၃)စွန်ဝဲစွန်သုတ်
(၁၄)နောက်ဆုတ်ရှေ့လွှဲ(၁၅)ကျွဲတုံးတင်
(၁၆)ကျွဲမြီးခတ်(၁၇)ဆံပတ်ရစ်ထုံး(၁၈)ပြည်လုံး
လှည့်ရစ်(၁၉)ရေကြည်ရစ်(၂၀)ပြူလှစ်ပြတင်း
(၂၁)ဟင်္သာလည်ယှက်(၂၂)တောင်ဝှက်လေယူ
(၂၃)တိမ်ယူလျှပ်လျှပ်(၂၄)ဂဠုန်ညှပ်(၂၅)တပ်
ရွှေမောက်တို(၂၆)ပျံလိုစွန်တောင်(၂၇)ပြောင်
ဆင်ကန်းတိုး(၂၈)တင်ပိုးလွယ်(၂၉)တင်ပိုက်မွေ့
(၃၀)ခြင်္သေထုံးသွဲ့(၃၁)လက်ဝဲအထောက်
(၃၂)ရေသောက်လက်တင်(၃၃)အသွင်တူ
(၃၄)ဗြဟ္မာလက်လှမ်း(၃၅)ကျင်ကျွမ်းလှပ
(၃၆)သိကြားတန်ဆောင်(၃၇)များမြောင်တွက်ဘွဲ့

စသောမြင်းရေး(၃၇)ပါးကို ဖေါ်ပြပါသည်။
အကျယ်ကို သရုပ်ပြအဘိဓါန်တွင် ဖတ်ရှုပါရန်။

                                 ရွှင်လန်းချမ်းမြေ့ပါစေ
                                 

#ငြိမ်းချမ်းပါစေ

"ဝိပဿနာဆိုတာ ဘာလဲ?"

"ဝိပဿနာဆိုတာ ဘာလဲ?"

        ဝိ=အထူးထူးအပြားပြားများစွာသော
-ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့စုတို့၏
ဖောက်ပြန်ခြင်း ပျက်စီးခြင်းတို့ကို အနိစ္စ
လက္ခဏာဖြင့် မမြဲခြင်းသဘောကိုလည်း
ကောင်း ဒုက္ခ အားဖြင့် ဆင်းရဲပင်ပန်းခြင်း
စသော ဒုက္ခသစ္စာအားဖြင့်လည်းကောင်း
အနတ္တ အစိုးမရအလိုသို့မလိုက်ခြင်း သ
ဘောရှိသော အနတ္တတရားတို့အား။
         ပဿနာ =အဖန်ဖန်ပင် ရှုပွါးဆင်ခြင်
ဥာဏ်ဖြင့်ယှဉ်လျက် မဂ်ဥာဏ်ဆင့်ဆင့်
သမ္ဘ္ဘာရင့်အောင် ကြံဆောင်ကြိုးကုတ်
အားထုတ်ခြင်းသည် "ဝိပဿနာ"တည်း။

           ပညတ်တို့ကိုဖယ်ခွါလျက် ပရမတ်
တို့သဘောဖြစ်သော ရုပ်နာမ်တရားတို့၏
အနိစ္စ ဒုက္ခ အနတ္တ အစရှိသော တရား
သဘောတို့အား သိအောင်လုပ်ခြင်း။
             ထိုရုပ်နာမ်တရားတို့၏ ဖြစ် ပျက်
ချုပ် ဆုံး ဒုက္ခတုံးကို မြင်အောင်ရှုမှတ်ခြင်း။
                ခန္ဓာအရှိဥာဏ်အသိကို ကိုက်
အောင်ဆင်ခြင်ဥာဏ်ဖြင့်ယှဉ်၍လည်း
ကောင်း။
                  ရှေ့ကဖြစ်ပျက် ဥာဏ်ဖြင့်စက်
လျက် မဂ်ဆိုက်ဖိုလ်ဝင် နိဗ္ဗာန်မြင်ဖိုရာ
လည်းကောင်း အားရဖွယ်တောင်း အ
ကောင်းဆုံး အရသာဖြစ်သော ထိုဝိပဿ
နာ ကျင့်ဖွယ်ရာကို သုံးလူ့ထွဋ်တင် ဘုရား
ရှင်သည် ဟောကြားတော်မူပါ၏။
                ရုပ်နာမ်၌ဖြစ်သော သဘောတို့
အား အရှိတိုင်းသာ သတိဖြင့်စောင့်ရှောက်
လျက် မဇ္ဈိမပဋိပဋာဖြစ်သော အလယ်အ
လတ်လမ်းစဉ်အတိုင်းသာ မဂ္ဂသစ္စာဖြင့်
ယှဉ်သော အကျင့်မြတ်ဖြင့် သိအောင်
အားထုတ်ရာ၏။
                  ပုဂ္ဂိုလ်သတ္တဝါ ယောကျာ်း
မိန်းမ ချမ်းသာ ဆင်းရဲ ပညတ်ထဲမှ ဆင်
ခြင်အမှန် ထိုရုပ်နာမ်သာ မြင်ရန်သိမှု
လုံ့လပြုလျက် ဆက်ဆက်အားထုတ်ရာ
၏။
                  ပရမတ်အမှန် ဧကန်သိမှ
ကျား မ သူ ငါ မရှိပါတကား ဟု သိမှုဥာဏ်
တွေ တိုးပေတော့မည်။
                   စိတ် စေတသိက ရုပ် နိဗ္ဗာန်
တည်းဟူသော မဖေါက်မပြန်မှန်ကန်စွာ
ပရမတ်တရားတို့၏ သိသောသဘော
ညွတ်သောသဘောကိုလည်းကောင်း။
ရုပ်တရားတို့၏ ဖေါက်ပြန်ပျက်စီးခြင်းသ
ဘောကိုလည်းကောင်း အကြင်သူသည်
သိအောင်မြင်အောင် အားထုတ်ရာ၏။
                    သိမှုတည်းဟူသော စိတ်ကို
မှီတွယ်လျက် ဖြစ်သော စေတသိဟ် တ
ရားတို့ကို သိမြင်ခြင်းငှာ ဝိပဿနာယာနိ
က လမ်းစဉ်ဖြင့်လည်းကောင်း သမထယာ
နိကမှစသော သမထဝိပဿနာလမ်းစဉ်
ဖြင့်လည်းကောင်း ယုဂန္ဓ အကျင့်လမ်းစဉ်
ဖြင့်လည်းကောင်း အရဟတ္တဖိုလ်ပေါက်
မျက်မှောက်ပြုခြင်းငှာ စွမ်းနိုင်တော်မူကြ
ပါစေသား…။

                    ရွှင်လန်းချမ်းမြေ့ပါစေ
                     

#ငြိမ်းချမ်းပါစေ

ရသေ့ရှစ်မျိုး

"ရသေ့ရှစ်မျိုး"

(၁)သပုတ္တဘရိယ ရသေ့
            
            သားမယားနှင့်တကွ ရှင်ရသေ့ပြု
၍ လယ်ထွန်ခြင်း ကုန်သွယ်ခြင်း စသည်
တို့ဖြင့် အသက်မွေးကြသော ကေဏိယ
ရသေ့စသောသူတို့သည် သပုတ္တဘရိယ
ရသေ့မည်သည်။

(၂)ဥဥ္ဆာစာရိကရသေ့

                 မြို့တံခါးဝ၌ နေစရာကျောင်း
ဆောက်လုပ်ပြီးလျှင် မင်း ပုဏ္ဍားတို့၏
သားငယ် စသည်များကို အတတ်ပညာ
သင်ပေး၍ ရွှေငွေမယူ နှမ်းဆန်စသည်
သူတော်ကောင်းတို့အား အပ်စပ်သည့်
ပစ္စည်းကိုသာ ခံယူသုံးဆောင်သောရသေ့
သည် ဥဥ္ဆာစာရိကရသေ့မည်သည်။

(၃)သမ္ပတ္တကာလိကရသေ့

               အစာစားချိန်၌ ဆိုက်ရောက်လာ
သော အစာအာဟာရကို ခံယူသုံးဆောင်
မျှတသော ရသေ့သည် သမ္ပတ္တကာလိက
ရသေ့မည်၏။

(၄)အနဂ္ဂိပတ္တိက ရသေ့

                မီးဖြင့်ချက်အပ်သည့် အရွက်
အသီးတို့ကိုစား၍ မျှတသောရသေ့သည်
အနဂ္ဂိပတ္တိကရသေ့မည်သည်။

(၅)အယမုဋ္ဌိက(အသ္မမုဋ္ဌိက)ရသေ့

               တူ ကျောက်ခဲသို့မဟုတ် ပဲခွပ်
ဓါး စသည်တို့ကို ကိုင်ဆောင်လှည့်လည်
၍ ဆာလောင်သောအခါမှသာ မိမိရောက်
ရာ သစ်ပင်၏ အခေါက်ကို ခွါ၍စားပြီးလျှင်
ဥပုသ်ဆောက်တည်၍ ဗြဟ္မစိုရ်တရား
လေးပါးတို့ကိုပွါးသော ရသေ့သည်
အယမုဋ္ဌိကရသေ့မည်သည်။

(၆)ဒႏၲလူယ်က ရေသ့

              တူ ကျောက်ခဲစသည်တို့ကို မ
ကိုင်ဆောင်ပဲ လှည့်လည်၍ ဆာလောင်
သောအခါ ရောက်ရာ သစ်ပင်မှ အခေါက်
တို့ကို သွားဖြင့်ကိုက်ခွါ၍ အခေါက်ကိုစား
ပြီး လျှင်လဥပုသ်ဆောက်တည်၍ ဗြဟ္မ
စိုရ်တရားလေးပါးတို့ကိုပွါးသောရသေ့
သည် ဒန္တလျူာက ရသေ့မည်သည်။

(၇)ပဝတ္တဖလိက ရသေ့

              အလိုလိုဖြစ်သော ရေအိုင် သို့
မဟုတ် တောအုပ်ကိုမှီ၍ နေပြီးလျှင် ထို
ရေအိုင် သို့မဟုတ် တောအုပ် ထဲမှ အပွင့်
ပွင့်ချိန် အပွင့်ကို အသီးသီးချိန်၌ အသီးကို
သော်လည်းကောင်း ယူစား၍ အပွင့်အသီး
မရှိခဲ့သော် အာဟာရအတွက် အရပ်တစ်
ပါးသို့ မသွားပဲ နောက်ဆုံး သစ်ပင်၏ အ
ပွေးကိုပင်စား၍ ဥပုသ်ဆောက်တည်ပြီး
လျှင် ဗြဟ္မစိုရ်တရား လေးပါးကိုပွါးသော
ရသေ့သည် ပဝတ္တဖလိကရသေ့မည်
သည်။

(၈)ဝဏ္ဋမုတ္တိကရသေ့

           အညှာမှလွတ်ကာ မြေပြင်မှကျ
သော သစ်ရွက်တို့ကိုသာ စားပြီးလျှင်
ဥပုသ်စောင့်သုံးခြင်း ဗြဟ္မစိုရ်တရား ပွါး
များခြင်း ကောင်းမှုပြုသော ရသေ့သည်
ဝဏ္ဋမုတ္တိကရသေ့မည်သည်။

     ထိုရသေ့ရှစ်မျိုးတို့တွင် ရှေးရှေးရသေ့
တို့ထက် နောက်နောက်ရသေ့တို့သည်
ပို၍အကျင့်သီလ မြင့်မြတ်ကြကုန်၏။

           ရွှင်လန်းချမ်းမြေ့ပါစေ
             

#ငြိမ်းချမ်းပါစေ