Thursday, November 17, 2016

"ဒါနနဲ့ သံသရာ"

"ဒါနနဲ့ သံသရာ"

        အချို့ကဒါနကို သံသရာရှည်စေတတ်သော
တရားဟု ကြောက်လန့်ဖွယ်အဖြစ် ဆိုကြသည်။
သံသရာဝဋ်မှကျွတ်လွတ်ရန်လိုလားကြသော
အလောင်းတော်များမှာ ဒါနကို လိုလိုလားလား
ပြုကြခဲ့ကြသည်မှာ သံသရာမှလွတ်ကြောင်းဖြစ်
သာ။ တဏှာသည်သာ သံသရာရှည်ကြောင်းဖြစ်
သည်။
          နည်းမှန်လမ်းမှန်ပြုသော ဒါနမှာ တဏှာကို
ပယ်နိုင်ကြောင်း ဘုရားရှင်ဟောတော်မူခဲ့သည်။
အလောင်းတော်များမှာ ခုဘဝနောင်ဘဝသာယာ
ရေးအတွက် မိမိဖို့ရာ ဘာတစ်ခုမှမတောင့်တကြ
သတ္တဝါအများကောင်းစားစေလို ချမ်းသာစေလို
သော စေတနာသာထား၍ ပေးကမ်းကြ၏။ဤဒါန
မျိုးကို ဝိဝဋနိဿိတဒါန ဟုဆိုရမည်။ တဏှာဆန္ဒ
မကင်းသော ဝဋနိဿိတဒါနမျိုးမှသာ သံသရာ
လည်ကြောင်းဖြစ်သည်။
            ဒါနာရှင်မှာ ပေးလှုခိုက် မေတ္တာ ကရုဏာ
မုဒိတာများ ဖြစ်ပွါးလျက်ရှိရာ အလှုခံတို့ သုံး
ဆောင် ခံစားသည်ကို အားရကြည်နူး ရွှင်မြူး
ဝမ်းသာ စိတ်ချမ်းသာလျက်ရှိကြသည်။
             နောင်အခါ တွေးမိတိုင်းလည်း ဝမ်းသာ
ကြည်နူးလျက်ရှိ၏။ ဤသည်တို့မှာ လက်တွေ့ခံ
စား ရသော ဒါနအကျိုးတရားများဖြစ်၏။  သူတစ်
ပါး အပေါ်မှာ မေတ္တာ ကရုဏာ မုဒိတာ ပွါးလျက်
ရှိသောကြောင့်လည်း မာန ဒေါသ လောဘ
ဣဿာ မစ္ဆရိယစသော တရားဆိုးများကင်းရှင်း
လျက် ရှိရာ ထိုတရားများပွါးကြောင်းဖြစ်သော
ဒါနကို မလိုက်နာ မပြုကျင်ထိုက်ပဲ ရှိပါမည်လား။
               ဒါနကိုကြောက်သူမှာ ဥသျှစ်သီး ကြွေ
ကျ သည်ကို မြေပြိုပြီအထင်ဖြင့် ကြောက်ပြေး
သော ယုန်မိုက်ပမာ မကြောက်ထိုက်သည်ကို
ကြောက်ခြင်းသာဖြစ်တော့သည်။
                                 နှလုံးစိတ်ဝမ်းငြိမ်းချမ်းပါစေ
                                 

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment