Thursday, November 17, 2016

"ပြင်သင့်လျှင် ပြင်ရမည်"

"ပြင်သင့်လျှင် ပြင်ရမည်"

        စည်းကမ်းဝိနည်းနားလည်၍ လိုက်နာသူမှာ
ပညာရှိသူတော်ကောင်းတို့၏ အမြင်တွင် ယဉ်
ကျေးလျက်ရှိရာ ဝတ်စားတန်ဆာ အချိုးကျဆင်
ထားသကဲ့သို့ ရှုချင်ဖွယ်ဖြစ်ရ၏။ ဝိနည်းမတတ်"
တတ်သော်လည်း မကျင့် မလိုက်နာ လွန်စွာရိုင်း
လျက် ပညာရှိသူတော်ကောင်းတို့အမြင်ဝယ် စက်
ဆုပ်ဖွယ် ကဲ့ရဲ့ဖွယ်ရာ အမင်္ဂလာသာ ဖြစ်ရ
သည်။
         မိမိကမတတ်၍ တစ်စုံတစ်ယောက်က ပြင်
ပေးလာလျှင် ဝမ်းသာစွာလက်ခံထိုက်၏ သို့သော်
လူ့သဘာဝမှာ မာနခံလေးများရှိတတ်ရာ ထိုကဲ့
သို့ပြင်ပေးသည်ကို မခံချင်ဖြစ်ကာ ပြန်လှန်ပြော
ဆို ဆန့်ကြင်ဘက်ပြုတတ်ကြ၏။ ထိုသူမျိုးမှာ မိမိ
ရမည့် ကျက်သရေမင်္ဂလာကို ဖျက်သည့်သူသာ
ဖြစ်တော့သည်။
                          ရွှင်လန်းချမ်းမြေ့ပါစေ
                                 

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment