"မိဘတို့အကြောင်း"
မိဘများမှာ သားသမီးများအပေါ်၌ ဗြဟ္မာ
များကဲ့သို့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ
တည်းဟူသော ဘဝနာလေးပါး မစွန့်ခွါပဲ အမြဲ
ဖြစ်ပွါးလျက်ရှိနေ၏။ သားသမီးကလေးကိုယ်
ဝန်ဆောင်ထားလျက်ရှိနေစဉ်ပင် မိခင်ဖခင်တို့
မှာ "တို့သားကလေး ဘယ်အခါ အင်္ဂါပြည့်စုံလှပ
စွာ ကျန်းကျန်းမာမာ မွေးဖွါးလာပါမည်နည်း"ဟု
မေတ္တာစိတ် ဖြစ်၍နေ၏။ ဖွါးလာ၍ကိုယ့်သား
သမီးကလေးများကို မြင်နေရသောအခါ ဆိုဖွယ်
ရာမရှိတော့ပြီ ပက်လက်အိပ်တတ်ရုံ နုနယ်သော
အရွယ်မှာ သန်းကြမ်းပိုးကိုက်၍ဖြစ်စေ အအိပ်အ
နေဆင်းရဲ၍ဖြစ်စေ ငိုကြွေးသောအသံကြားရ
လျှင် မိဘတို့မှာ သနားကရုဏာ ဖြစ်လာရ၏။
ပြေးလွှားနိုင် ကစားနိုင်သောအခါတွင်
လည်း သားသမီးများကိုကြည့်၍ မိဘတို့စိတ်ထဲ
တွင် ဝမ်းသာခြင်းမုဒိတာ ဖြစ်ရ၏။ အိမ်ထောင်
ကျ၍ တသီးတခြား အိုးအိမ်ထူထောင်သောအခါ
"ယခုတို့သားသမီးကလေး ကိုယ့်အလိုအ
လျောက်အသက်မွေးနိုင်ပေပြီ"ဟု လျစ်လျူရှု
သောသဘော ဥပေက္ခာဖြစ်ရ၏။
ဤသို့သူ့အခါအလိုက် မိဘများမှာ
သားသမီးများအပေါ်၌ ဗြဟ္မဝိဟာရတရားလေးပါး
ဖြစ်ပွါးလျက်ရှိကြ၏။
မိဘတို့သည် အလွန်ငယ်သောအရွယ်
ကစ၍ "ဒါဘာခေါ်တယ် စသည်ဖြင့် ပြောတတ်
ဆိုတတ်အောင် "နေထိုင်တတ်စားသောက်တတ်
အောင် သင်ပြကြ၏။ ပြုသင့် မပြုသင့် ပေါင်း
သင့် မပေါင်းသင့် ကောင်းမှု မကောင်းမှုစသည်
တို့ကို ဝေဖန်ပိုင်းခြား ပြသကြ၏။
ပညာသင်ကြားသည့် အရွယ်သို့
ရောက်သောအခါတွင်လည်း ကျောင်းသို့ပို့၍
အတတ်ပညာ အသိပညာတို့ကို သင်ကြားစေ
ခဲ့ကြသည်။ ထို့ကြောင့် "ပုဗ္ဗာစရိယ မိနှင့်ဘဟု
ဘုရားရှင်ဟောတော်မူ၏။
မိဘကျေးဇူ့ကို ပြေလည်အောင်
ဆပ်မည်ဟု လကျာ်ပခုံးပေါ်အမိကိုတင် လက်ဝဲ
ပခုံးပေါ် အဖကိုတင်လျက် အသက်တစ်ရာရှည်
သောသူသည် ထိုအနှစ်တစ်ရာ ကာလပတ်လုံး
ပြုစုလုပ်ကျွေးသော်လည်း မကျေနိုင်ကြောင်း
သဒ္ဓါ သီလစသော သူတော်ကောင်းတရားမရှိ
သေးသော မိဘတို့ကို သဒ္ဓါရှိအောင် သီလ ပညာ
ရှိအောင် ပြုခြင်းဖြင့်သာ ကျေးဇူ့ပြေရာရောက်
ကြောင်း ဘုရားရှင်ဟောတော်မူခဲ့သည်။
ထိုသို့ မိဘတို့ ဂုဏ်ကျေးဇူ့ကြီး
မားသောကြောင့် ရိုသေစွာ ရှိခိုးဦးချခြင်း ထမင်း
အဖျော် အဝတ်အစား အိပ်ယာနေရာပေးခြင်း
ရေချိုးပေးခြင်း ခြေဆုပ်လက်နယ်ပြုခြင်း စသော
ဝတ္တရားများဖြင့် ကောင်းစွာပြုစုရမည်။
မိဘတို့ကိုပစ်ထားသော သား
သမီးများ ပြစ်မှားသောသားသမီးများစွာရှိ၏။
ထိုသူတို့သည် နောင်တစ်ချိန်တွင် နောင်တကြီး
စွာရတတ်ပြီး ထိုသို့နောင်တရသောအချိန်တွင်
မိဘတို့မရှိခဲ့ပြန်လျှင် နောင်တသာအဖတ်တင်၍
တစ်သက်လုံး ယူကျူံးမရ ဖြစ်ရတတ်၏။
ဘုရားရှင်သည် မိဘတို့၏
ကျေးဇူ့ဂုဏ်ကို အထုးမြှောက်စားဟောကြား
တော်မူခဲ့၏။ မိဘကိုလုပ်ကျွေး၍ ဘေးရန်ကင်းရ
ပုံ ကောင်းကျိုးခံစားရပုံ စသည်ဖြင့် သာဓကများ
စွာပြ၍ ဟောကြားတော်မူခဲ့သည်။မြင်းမိုရ်တောင်
ဦးမကကျူး ဆိုသည်မှာ အမှန်တကယ် မိဘဂုဏ်
ကျေးဇူ့ကို သိမြင်သူတို့၏ ချီးကျူးချက်ပင်ဖြစ်
တော့၏။
(မြစ်များသည် ချိုသောရေရှိသည်ဖြစ်၍ စီးနေကြ
၏။ သို့သော် သမုဒ္ဒရာရောက်က သောက်မရဖြစ်
တော့သည်။ ဂုဏ်များသည် ဂုဏ်ကိုနားလည်သူ
များ၌ တကယ်ပင်ဂုဏ်များဖြစ်ကြ၏။ ဂုဏ်ကျေး
ဇူ့မသိသူများသို့ရောက်ပါက အပြစ်သာဖြစ်ရ
တော့သည်။)
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment