"မြတ်ဗုဒ္ဓ၏ ဝါတော်စဉ်"
(၁)မြတ်စွာဘုရားရှင်သည် ဗာရာဏသီပြည်
မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီ ငါးပါးတွင်အရှင်ကောဏ္ဍ
ည မထေရ် အမှုးပြုသော နတ်ဗြဟ္မာ(၁၈)ကု
ဋေ တို့အား ဓမ္မစကြာ တရားဦးဟောတော်မူပြီး
ထိုမိဂဒါဝုန်တော၌ပင် ပထမဝါ ကပ်ဆိုတော်မူ၏။
(၂)ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတိုက်
တွင် ဒုတိယဝါ (၃)တတိယဝါ (၄)စတုတ္ထဝါ ကပ်
ဆိုတော်မူသည်။
(၅)ဝေသာလီပြည် မဟာဝုန်တော စုလစ်
မွမ်းချွန် အထွတ်တပ်သောကျောင်း၌ ပဉ္စမဝါ ကပ်
ဆိုတော်မူသည်။
(၆)မကုဠတောင် ချယားတောကျောင်း
တိုက်၌ ဆဋ္ဌမဝါ ကပ်ဆိုတော်မူသည်။
(၇)တာဝတိံသာနတ်ပြည် ပင်လယ်က
သစ်ပင်ရင်း သိကြားမင်းခင်းထားအပ်သော ဗန္ဓု
ကမ္ဗလာ မြကျောက်ဖျာထက်၌ မယ်တော်မိနတ်
သားအား အမှုးပြုသော နတ်ဗြဟ္မာများအား
အဘိဓမ္မာ တရား ဟောကြားတော်မူကာ သတ္တမ
ဝါ ကပ်ဆိုတော်မူသည်။
(၈)ဘဂ္ဂတိုင်း သုသုမာရဂိရပြည် သား
ပေါင်းတို့အား ဘေးမဲ့ပေးရာ ပဲစင်းငုံတော
(ဘေသကဠာ မည်သော ဘီလူးအုပ်စိုးသည့်)
တော၌ အဋ္ဌမဝါကပ်ဆိုတော်မူသည်။
(၉)ကောသမ္ဗီပြည် ဃောသိတာရုံ
ကျောင်းတိုက်၌ နဝမဝါ ကပ်ဆိုတော်မူသည်။
(၁၀)ပါလိလေယျ (ပလလဲ)တောအုပ်
တွင် ပလလဲဆင်မင်း ပြုစုလုပ်ကျွေးမှုဖြင့် ဒသမ
ဝါ ကပ်ဆိုတော်မူသည်။
(၁၁)နာဠမည်သော ပုဏ္ဏားရွာ နာဠိ
ကာရုံကျောင်းတိုက်၌ ဧကာဒသမဝါကပ်ဆိုတော်
မူသည်။
(၁၂)ဝေရဉ္ဇာပြည် နာဠေရုဘီလူးအုပ်
စိုးသောတော တမာပင်အနီး၌ ဒွါဒသမဝါ ကပ်ဆို
တော်မူသည်။
(၁၃)စာလိယပြည် ဇန္တုရွာကိုမှီ၍
စာလိယတောင်ကျောင်း၌ ၁၃ ဝါမြောက် ကပ်
ဆိုတော်မူသည်။
(၁၄)ကောသလတိုင်း သာဝတ္ထိပြည်
ဇေတဝန်းကျောင်းတွင် ၁၄ဝါမြောက် ကပ်ဆို
တော်မူသည်။
(၁၅)သက္ကတိုင်း ကပိလဝတ်ပြည်
နိဂြောဓါရုံကျောင်းတိုက်၌ ၁၅ ဝါမြောက်ကပ်ဆို
တော်မူသည်။
(၁၆)အာဠဝီပြည် အဂ္ဂါဠဝ နတ်
ကွန်းကျောင်း၌ ၁၆ ဝါမြောက်ကပ်ဆိုတော်မူ
သည်။
(၁၇)မာဂဓတိုင်း ရာဇဂြိုဟ်ပြည်
ဝေဠုဝန်ကျောင်းတိုက်၌ ၁၇ ဝါမြောက်ကပ်ဆို
တော်မူသည်။
(၁၈'၁၉)စာလိယပြည် ဇန္တုရွာကို
မှီ၍ စာလိယတောင် ကျောင်း၌ ၁၈'၁၉ မြောက်
ဝါကပ်ဆိုတော်မူသည်။
(၂၀)မာဂဓတိုင်းရာဇဂြိုလ်ပြည်
ဝေဠုဝန်ကျောင်းတိုက်၌ ၂၀ မြောက်ဝါကပ်ဆို
တော်မူသည်။
(၂၁ ဝါမှ ၄၄ ဝါအထိ) ကော
သလတိုင်း သာဝတ္ထိပြည် ရှိ ဇေတဝန်ကျောင်း
တော်နှင့် ပုဗ္ဗာရုံကျောင်းတော်တို့၌ အမြဲသီတင်း
သုံးသောအားဖြင့် ၂၄ ဝါတိုင်တိုင် ဝါဆို ဝါကပ်
တော်မူသည်။
(၄၅)ပရိနိဗ္ဗာန် စံဝင်တော်မူ
ခါနီး ၌ ဝေသာလီပြည် ဝေဠုဝန်ရွာငယ်၌ ၄၅ ဝါ
မြောက် နောက်ဆုံးဝါကပ်ဆိုတော်မူသည်။
ထိုသို့ပင်ပမ်းကြီးစွာ သတ္တဝါအပေါင်းတို့အား
ကယ်တင်ချေချွတ်တော်မူသော မြတ်ဗုဒ္ဓဘုရား
ရှင်အား ဤစာပန်းဖြင့် ပူဇော်ပါ၏။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment