"ဂုဏ်ရည်သေတ္တုအနှစ်စုလျက်"
မိမိကဂုဏ်ရှိနေလျှင် သူတစ်ပါး၏ဂုဏ်ကို
ပိုပိုနားလည်နိုင်သည်ဖြစ်၍ကား သံဃာ၏ဂုဏ်ကို
သံဃာရထားသောတရားမျိုးတွေ ရထားသောသူ
များက အတိအကျသိကြမည်မှာသေချာ၍ အခြား
နတ်လူများလည်း ချီးမွမ်းအပ်သည်ပင်။
မိမိက မဂ်ဖိုလ်မရသော်လည်း ရသူပုဂ္ဂိုလ်
များ၏ အခြင်းအရာကိုမြင်၍ မှန်းဆကြည်ညိုချီး
မွမ်းနိုင်၏။ အရှင်သာရိပုတ္တရာအလောင်းမှာ
အရှင်အဿဇိကိုမြင်ရသောအခါ ဣနြေ္ဒတို့၏
ကြည်လင်ပုံ သွားပုံ လာပုံ ကြည့်ရှု့ပုံစသော
အမူအရာတို့၏ သူတကာနှင့်မတူ တစ်မူထူးခြား
သိမ်မွေ့ပုံများကိုမြင်တွေ့ရ၍ ဤပုဂ္ဂိုလ်သန္တာန်
မှာ တရားထူးရှိလိမ့်မည်ဟု သိရ၏။
အရှင်သာရိပုတ္တရာ အလောင်း တရားထူးရ
ပြီး ပြန်လာသောအခါ ထူးခြားပုံကိုမြင်ရသော
အရှင်မောဂ္ဂလ္လာန်အလောင်းက အမတ တရား
တွေ့ခဲ့ပြီဖြစ်ကြောင်းမှန်းဆသိနိုင်၏။
ဗုဒ္ဓရှင်တော်မြတ် ဓမ္မစကြာတရားဟောရန် ကြွ
တော်မူစဉ် လမ်းခရီး၌ ဥပကနှင့်တွေ့သောအခါ
ဘုရားရှင်၏ ကြည်လင်သော ဣနြေ္ဒတို့ကိုမြင်
တွေ့ရ၍ ဘုရားရှင်မှာပုဂ္ဂိုလ်ထူးဖြစ်ကြောင်း သိရှိ
လေသည်။
ထို့ကြောင့်ပင် ကိလေသာစင်ကြယ်သော
ပုဂ္ဂိုလ်တို့စိတ်မှာ အလွန်ယဉ်ကျေးပြီးဖြစ်ခဲ့ရာ
ထိုကိုယ်အမူအရာ ဣနြေ္ဒများ ထူးခြားသိမ်မွေ့နေ
၍ ထိုဣနြေ္ဒများသည်ပင် မြင်ရသူတို့၏ ချီးမွမ်း
ဖွယ်ရာဖြစ်နေရပေတော့သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment