"ကောလဟလ"
ကောလဟလ ဟူသည် အုတ်အုတ်ကျက်
ကျက်ကျက် ဤသို့ဖြစ်တော့မည်ဟု သတင်းစ
ကား တစ်ဦးနှစ်ဦးကစ၍ စုပေါင်းကာ စကားတူ
အသံတူ ရုတ်ရုတ်ရက်ရက်ပြောဆိုကြခြင်းမျိုး
ကိုဆိုသည်။
"ကောလဟလငါးပါး"
(၁)ကပ္ပကောလဟလ
ကမ္ဘာမပျက်မီအနှစ်တစ်သိန်းက ကျော်ကြား
ခဲ့သောအသံ။
(၂)စက္ကဝတ္တိကောလဟလ
စကြာမင်းမပေါ်မီ အနှစ်တစ်ရာက ကျော်
ကြားခဲ့သောအသံ။
(၃)ဗုဒ္ဓကောလဟလ
ဘုရားမပွင့်မီ နှစ်ပေါင်းတစ်ထောင်က ကျော်
ကြားခဲ့သောအသံ။
(၄)မင်္ဂလာ ကောလဟလ
မင်္ဂလာတရား မဟောမီ ၁၂ နှစ်က ကျော်
ကြားသောအသံ။
(၅)မောနေယျကောလဟလ
မောနေယျအကျင့်ကို မေးလျောက်ကျင့်ကြံ
သောပုဂ္ဂိုလ် မပေါ်မီ ၇ နှစ်က ကျော်ကြားခဲ့
သောအသံ။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
Thursday, November 17, 2016
ကောလဟလ
Labels:
nyi
Subscribe to:
Post Comments (Atom)
No comments:
Post a Comment