Thursday, November 17, 2016

ရသေ့ရှစ်မျိုး

"ရသေ့ရှစ်မျိုး"

(၁)သပုတ္တဘရိယ ရသေ့
            
            သားမယားနှင့်တကွ ရှင်ရသေ့ပြု
၍ လယ်ထွန်ခြင်း ကုန်သွယ်ခြင်း စသည်
တို့ဖြင့် အသက်မွေးကြသော ကေဏိယ
ရသေ့စသောသူတို့သည် သပုတ္တဘရိယ
ရသေ့မည်သည်။

(၂)ဥဥ္ဆာစာရိကရသေ့

                 မြို့တံခါးဝ၌ နေစရာကျောင်း
ဆောက်လုပ်ပြီးလျှင် မင်း ပုဏ္ဍားတို့၏
သားငယ် စသည်များကို အတတ်ပညာ
သင်ပေး၍ ရွှေငွေမယူ နှမ်းဆန်စသည်
သူတော်ကောင်းတို့အား အပ်စပ်သည့်
ပစ္စည်းကိုသာ ခံယူသုံးဆောင်သောရသေ့
သည် ဥဥ္ဆာစာရိကရသေ့မည်သည်။

(၃)သမ္ပတ္တကာလိကရသေ့

               အစာစားချိန်၌ ဆိုက်ရောက်လာ
သော အစာအာဟာရကို ခံယူသုံးဆောင်
မျှတသော ရသေ့သည် သမ္ပတ္တကာလိက
ရသေ့မည်၏။

(၄)အနဂ္ဂိပတ္တိက ရသေ့

                မီးဖြင့်ချက်အပ်သည့် အရွက်
အသီးတို့ကိုစား၍ မျှတသောရသေ့သည်
အနဂ္ဂိပတ္တိကရသေ့မည်သည်။

(၅)အယမုဋ္ဌိက(အသ္မမုဋ္ဌိက)ရသေ့

               တူ ကျောက်ခဲသို့မဟုတ် ပဲခွပ်
ဓါး စသည်တို့ကို ကိုင်ဆောင်လှည့်လည်
၍ ဆာလောင်သောအခါမှသာ မိမိရောက်
ရာ သစ်ပင်၏ အခေါက်ကို ခွါ၍စားပြီးလျှင်
ဥပုသ်ဆောက်တည်၍ ဗြဟ္မစိုရ်တရား
လေးပါးတို့ကိုပွါးသော ရသေ့သည်
အယမုဋ္ဌိကရသေ့မည်သည်။

(၆)ဒႏၲလူယ်က ရေသ့

              တူ ကျောက်ခဲစသည်တို့ကို မ
ကိုင်ဆောင်ပဲ လှည့်လည်၍ ဆာလောင်
သောအခါ ရောက်ရာ သစ်ပင်မှ အခေါက်
တို့ကို သွားဖြင့်ကိုက်ခွါ၍ အခေါက်ကိုစား
ပြီး လျှင်လဥပုသ်ဆောက်တည်၍ ဗြဟ္မ
စိုရ်တရားလေးပါးတို့ကိုပွါးသောရသေ့
သည် ဒန္တလျူာက ရသေ့မည်သည်။

(၇)ပဝတ္တဖလိက ရသေ့

              အလိုလိုဖြစ်သော ရေအိုင် သို့
မဟုတ် တောအုပ်ကိုမှီ၍ နေပြီးလျှင် ထို
ရေအိုင် သို့မဟုတ် တောအုပ် ထဲမှ အပွင့်
ပွင့်ချိန် အပွင့်ကို အသီးသီးချိန်၌ အသီးကို
သော်လည်းကောင်း ယူစား၍ အပွင့်အသီး
မရှိခဲ့သော် အာဟာရအတွက် အရပ်တစ်
ပါးသို့ မသွားပဲ နောက်ဆုံး သစ်ပင်၏ အ
ပွေးကိုပင်စား၍ ဥပုသ်ဆောက်တည်ပြီး
လျှင် ဗြဟ္မစိုရ်တရား လေးပါးကိုပွါးသော
ရသေ့သည် ပဝတ္တဖလိကရသေ့မည်
သည်။

(၈)ဝဏ္ဋမုတ္တိကရသေ့

           အညှာမှလွတ်ကာ မြေပြင်မှကျ
သော သစ်ရွက်တို့ကိုသာ စားပြီးလျှင်
ဥပုသ်စောင့်သုံးခြင်း ဗြဟ္မစိုရ်တရား ပွါး
များခြင်း ကောင်းမှုပြုသော ရသေ့သည်
ဝဏ္ဋမုတ္တိကရသေ့မည်သည်။

     ထိုရသေ့ရှစ်မျိုးတို့တွင် ရှေးရှေးရသေ့
တို့ထက် နောက်နောက်ရသေ့တို့သည်
ပို၍အကျင့်သီလ မြင့်မြတ်ကြကုန်၏။

           ရွှင်လန်းချမ်းမြေ့ပါစေ
             

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment