"ရုပ်နာမ်သင်္ခါရတို့၏ ချုပ်ရာငြိမ်းရာ"
ရုပ်နာမ်သင်္ခါရတို့၏ ချုပ်ငြိမ်းရာကို နိဗ္ဗာန်
ဆိုလျှင် ထိုချုပ်ငြိမ်းမှုကို ချမ်းသာဟု ဘယ်သို့ဆို
နိုင်မည်နည်း။ "ငါ့ရှင်တို့ ဤနိဗ္ဗာန်ကား ချမ်းသာ
ပေတည်း"ဟု မိန့်တော်မူသော အရှင်သာရိပုတ္တ
ရာ မထေရ်ကို အရှင်ဥဒါယီက "ခံစားဖွယ်မရှိ
သော နိဗ္ဗာန်မှာ ဘယ်သို့ချမ်းသာဖြစ်ပါသနည်း"
ဟုမေးသော် "ဤခံစားမှု ဝေဒယိတ မရှိခြင်းသည်
ပင် ချမ်းသာဖြစ်တော့သည်"ဟု မိန့်တော်မူသည်။
ကြောင့်ကြစိုက်ရခြင်း ဒုက္ခနှင့်ရောနေ
ခြင်း အမြဲမတည် ပျက်စီးခြင်း ပျက်စီးသောအခါ
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်ရခြင်း စသည်ဖြင့်
အပြစ်များလှသော ဤဝေဒယိတသုခ၌ သန္တိကို
အလိုရှိသော ပညာရှင်တို့အဖို့ စိတ်ပျက်ဖွယ်အ
တိသာဖြစ်၏။ကြောက်မက်ဖွယ်ဒုက္ခအဖြစ်သာ
ထင်၏။ ငြိမ်းအေးခြင်းရလေလေ ဒုက္ခအဖြစ်ပို
ထင်ရှားလေလေဖြစ်ရ၏။
သုခမည်သည်မှာ နုတ်နိုင်ပယ်နိုင်
သမျှမှာ ပို၍ရလာမြဲဖြစ်၏။ ကာမချမ်းသာကိုပယ်
လျှင် ပဌမဈန်ချမ်းသာကိုရ၏။ထိုပဌမဈာန်ကား
ကာမသုခထက်ပို၍ ချမ်းသာ၏။ဝိတက် ဝိစာရကို
နူတ်သဖြင့် ရအပ်သောဒုတိယဈာန်ချမ်းသာသည်
ထို့ထက်ပိုလာ၏။ပီတိကို နူတ်၍ရသော တတိယ
ဈာန် သုခကိုနူတ်၍ရသော စတုတ္ထဈာန် ရုပ်ကို
နူတ်ပယ်၍ရသော အရူပဈာန်သုခတို့ကား အ
ဆင့်ဆင့် ပို၍ချမ်းသာ၏။
ထို့ထက် နာမ်တရားနှင့် ရုပ်အချို့နူတ်
၍ ချုပ်ငြိမ်းသော နိရောဓသမာပတ်ချမ်းသာကား
ဆိုဖွယ်ရာမရှိ။ ရုပ်နာမ်အားလုံးချုပ်ငြိမ်းသော
နိဗ္ဗာန်ချမ်းသာမှာ ချမ်းသာတကာတို့၏ အထွတ်
အထိပ်သို့ရောက်ရောက်ရ၏။ပရမသုခ ဖြစ်သော
ကြောင့် နိဗ္ဗာန်၏ကောင်းမြတ်သော တရားအဖြစ်
သိရသည်။ ကောင်းသောမြတ်သောအရာဆိုလျှင်
၎င်း၌အပြစ်ကင်းခြင်း ဂုဏ်ရှိခြင်းကြောင့်ဖြစ်၏။
ကိလေသာတို့ကား တကယ့်အပြစ်
များဖြစ်၏။ ခန္ဓတို့လည်း ဒုက္ခဖြစ်၍ အပြစ်များပင်။
ထိုအပြစ်များကင်သောနိဗ္ဗာန်ကို မျက်မှောက်ပြု
ရန်အဘယ်မှာလျှင် မအားထုတ်ထိုက်ပဲ ရှိပါအံ့
နည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment