"မြင့်မြတ်သော ကြယ်တာရာအုပ်စုဝင်"
(၁)ဒါနပါရမီ
သူတော်ကောင်းတို့ ကျွန်ုပ်တို့ဘုရားအ
လောင်းတော်သည် ဤဒါနပါရမီ၌ ဥစ္စာပစ္စည်းနှင့်
စပ်လာလျှင် သွန်မှောက်ချသော မိုးရေအလား
တွယ်တာကပ်ညိခြင်း အလျဉ်းကင်းလျက် အား
သစ်၍ စွန့်လှုဆည်းပူးလျက် ရွှေငွေပစ္စည်းတွင်
မက ဇနီးမယား သမီးသားတို့ကိုလည်းကောင်း
မျက်စိ နား နှာခေါင်း အစရှိသော အင်္ဂါကြီးငယ်
တို့ကိုလည်းကောင်း အသက်ကိုပင်လည်း
ကောင်း ငဲ့ကွက်တွယ်တာခြင်းမရှိပဲ ဖုန်တောင်း
ယာစကာအစရှိသော အလှုခံတို့ရောက်လာလျှင်
ကြက်သီးမွှေးညင်းထလောက်အောင်ပင် ရဲ့ဝံ့
စွာပင် သဗ္ဗညုတဥာဏ်ရည်သန်လျက် ဤဒါနပါ
ရမီကို ဖြည့်ကျင့်ဆည်းပူးတော်မူပါ၏။
(၂)သီလပါရမီ
သူတော်ကောင်းတို့ ကျွန်ုပ်တို့ဘုရားအ
လောင်းတော်သည် ဤသီလပါရမီ၌ ကိုယ်ရေ
ကိုယ်သား အသက်ကိုပင် ပဓါနမထားပဲ စာမရီ
မည်သော မိမိအမွှေးအမြီးတစ်ပင်ကိုသော်မှ
မကျွတ်ထွက်ခြင်းငှာ အသက်ကိုပင်အသေခံ၍
္ဒစောင့်ရှောက်သည့်အလား ကြက်သီးမွှေးညင်း
ထလောက်အောင်ပင် ခိုင်ခံ့မြဲမြံသောစိတ်ဓါတ်
ဖြင့် အသက်ကိုပင်သေစေ ကောင်းစွာစောင့်
ရှောက်အပ်သော ဤသီလပါရမီကို သဗ္ဗညုတ
ရွှေဥာဏ် ရည်သန်လျက် ဖြည့်ကျင့်တော်မူပါ၏။
(၃)နိက္ခမပါရမီ
သူတော်ကောင်းတို့ ကျွန်ုပ်တို့ဘုရားအ
လောင်းတော်သည် ရက်လရှည်ကြာ နှောင်အိမ်
အတွင်း၌ ပျက်စီးငြီးငွေ့ မပျော်မွေ့နိုင်ပဲ နှောင်
အိမ်တွင်းမှ လွတ်ကင်းထွက်မြောက်ရာဖြစ်သော
ရသေ့ ရဟန်းပြုခြင်း တောထွက်ခြင်း စသော သူ
တစ်ပါးတို့ ကျင့်နိုင်ခဲသော နိက္ခမပါရမီတော်ကို
သဗ္ဗညုတရွှေဥာဏ် ရည်သန်လျက် ဖြည့်ကျင့်
ဆည်းပူးတော်မူခဲ့ပါ၏။
(၄)ပညာပါရမီ
သူတော်ကောင်းတို့ ကျွန်ုပ်တို့ဘုရား
အလောင်းတော်သည် ဥပမာ "အိမ်စဉ်ကို လှည့်
လည်၍ ဆွမ်းခံသောအရှင်သည် အယုတ်
အလတ် အမြတ်မရွေး ခရီးစဉ်တစ်လျောက်
ဆိုက်ရောက်တွေ့မြင်ရာအိမ်တိုင်း၌ ဆွမ်းရပ်ပါ
လျှင် ဆွမ်းပြည့်စုံသကဲ့သို့ " တွေ့ဆုံရသော
ကောင်းမြတ်သောပညာရှိဟူသမျှကို ဆည်းကပ်
မေးမြန်းနှီးနှော၍ သဘောပိုက်မိအောင် ဆည်းပူး
တော်မူလျက် မြတ်သော သဗ္ဗညုတရွှေဥာဏ်
တော်အလို့ငှာ ဤပညာပါရမီကို ဖြည့်ကျင့်ဆည်း
ပူးတော်မူပါ၏။
(၅)ဝီရိယပါရမီ
သူတော်ကောင်းတို့ ကျွန်ုပ်တို့ ဘုရား
အလောင်းတော်သည် ။
"ဥပမာအားဖြင့် သားရဲအပေါင်းတို့၏
အရှင်ခြင်္သေ့မင်းသည် ဣရိယာပုတ်တစ်ပါးပါး
၌ ဝီရိယကို မလျော့မပျက်စေပဲ အခါခပ်သိမ်း
လုံ့လပြုသည့်" နည်းတူ ဘုရားအလောင်းတော်
မြတ်သည် ဣရိယာပုတ်လေးပါး၌ ထိုဝီရိယ
တရားတို့ကို မယုတ်စေပဲ သဗ္ဗညုတရွှေဥာဏ်
တော်ကိုရည်သန်လျက် အရေမျှ အရိုးမျှကြွင်း
စေ မလျှော့သော ဇွဲ လုံ့လတို့ဖြင့် ဤဝီရိယ
ပါရမီတော်ကို ဖြည့်ကျင့်ဆည်းပူးတော်မူပါ၏။
(၆)ခန္တီပါရမီ
သူတော်ကောင်းတို့ ကျွန်ုပ်တို့ဘုရား
အလောင်းတော်သည် ဥပမာအားဖြင့် ဤမဟာ
ပထီမြေကြီးသည် အယုတ်အမြတ်မကြွင်း မိမိ
အပေါ်သို့ ချနင်းခြင်းကြောင့် တစ်စုံတစ်ရာ ထူး
ခြားခြင်းမရှိပဲ မတုန်မလှုပ်သည်းခံသည့်အလား
ဤခန္တီပါရမီကို သဗ္ဗညုတဥာဏ်ရဖို့ရန် ရည်သန်
လျက် ဖြည့်ကျင့်တော်မူပါ၏။
(၇)သစ္စာပါရမီ
သူတော်ကောင်းတို့ ကျွန်ုပ်တို့ဘုရား
အလောင်းတော်သည် ဥပမာအားဖြင့် ကောင်း
ကင်အလယ် သောက်ရှုးကြယ်သည် မိမိသွားရိုး
လမ်းစဉ်မှလွဲ၍ သွားရိုးမရှိသကဲ့သို့ ပစ္စည်းဥစ္စာ
ရတနာရွှေငွေ ရာထူးဂုဏ်သိန် အထွေထွေ
ကြောင့်ဖြစ်စေ ဆွေမျိုးဥာတိတို့ကြောင့်ဖြစ်စေ
အဂတိလေးပါးကိုမလိုက်စားပဲ ပကတိ တည်မြဲ
ဖြောင့်မှန်သော အကျင့်မြတ်ဖြင့် သဗ္ဗညုတဥာဏ်
ရဖို့ရန်ငှာ ဤသစ္စာပါရမီကို ဖြည့်ကျင့်တော်မူ
ပါ၏။
(၈)အဓိဋ္ဌာန်ပါရမီ
သူတော်ကောင်းတို့ ကျွန်ုပ်တို့ဘုရား
အလောင်းတော်သည် ဥပမာအားဖြင့် ကျောက်
အတိပြီးသောတောင်ကြီးသည် လေမုန်တိုင်းတို့
ကြောင့် မယိမ်းမယိုင်ခိုင်မတ်စွာ တည်နေသကဲ့
သို့ မိမိဆုံးဖြတ်အဓိဋ္ဌာန်သော သီလအစရှိသော
သူတော်ကောင်းတရားတို့ကိုမယိမ်းယိုင် မပျက်
စီးစေပဲ သဗ္ဗညုတရွှေဥာဏ်တော်အလို့ငှာ ဤ
သစ္စာပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပါ၏။
(၉)မေတ္တာပါရမီ
သူတော်ကောင်းတို့ အကျွန်ုပ်တို့ ဘုရား
အလောင်းတော်သည် ဥပမာအားဖြင့် ရေတို့မည်
သည် စီဆင်းရာတစ်လျောက် အယုတ်အလတ်
အမြတ်မရွေး ခပ်သိမ်းသောသူတို့အား သောက်
ချိုးခြင်းငှာ ပေးအပ်ဘိသကဲ့သို့ အကျိုးစီးပွါး နဲသူ
များသူဟု တွေးယူခွဲခြား သဘောမထားပဲ အလုံး
စုံသော သတ္တဝါအပေါင်းကို တစ်သားတည်း
မေတ္တာဖြင့်ယှဉ်လျက် သဗ္ဗညုတရွှေဥာဏ်တော်
အလို့ငှာဖြည့်ကျင့်တော်မူပါ၏။
(၁၀)ဥပေက္ခာပါရမီ
သူတော်ကောင်းတို့ ကျွန်ုပ်တို့ဘုရားအ
လောင်းတော်သည် ဥပမာအားဖြင့်ဤမဟာပထဝီ
မြေကြီးသည် စိမ်းကျက်မရွေး အလေးအပေါ့နှင့်
တကွ ဣဋ္ဌ အနိဋ္ဌ အလုံးစုံကို အကုန်ညီစွာ
ဥပေက္ခာပြုသကဲ့သို့ ယုတ်လတ်မဟူမည်သူ့ကို
မဆို အမျိုးအဆွေကိုသော်လည်း မထူးခြားစေပဲ
ဒုက္ခ သုက္ခနှစ်ပါးတို့၌ ဥပေက္ခာစိတ်နှလုံးထား၍
မိမိကိုယ်ကိုဆုံးမလျက် အားသစ်ကာ သဗ္ဗညုတ
ရွှေဥာဏ်တော်အလို့ငှာ ထိုဥပေက္ခာပါရမီကို
ဖြည့်ကျင့်ဆည်းပူးတော်မူပါ၏။
လောက၌ ကြိုးစားလျှင် အတုလဘဂဝါ
သညာထွဋ်ထား မြတ်ဘုရားကြီးပင်ဖြစ်နိုင်
ကြောင်း ဘုရားရှင်ဟောကြားတော်မူရာ မြဲမြံ
ခိုင်မာသော သမာဆန္ဒလုံ့လဝီရိယတိုဖြင့်
ပါရမီစခန်း ပညာလမ်းသို့ တက်လှမ်းတော်မူနိုင်
ကြပါစေကြောင်း စေတနာသွန်းလောင်းအပ်ပါ
သတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment