Thursday, November 17, 2016

ပါရမီ

"ပါရမီ"
        ပါရမီဟူသည် မိမိအကျိုးအတွက် ငဲ့ကွက်
လိုလာခြင်းမရှိပဲ အများကောင်းကျိုးအတွက်
လည်းကောင်း သံသရာမှလွတ်မြောက်ရေးအ
တွက်လည်းကောင်း(မူကွဲများ၌ ရှေးကဖြည့်ကျင့်
ခဲ့သော အကြောင်းအကျိုးတရား) သူတော်
ကောင်းတို့ ပြုအပ်သော ဒါန အစရှိသောကောင်း
မှုများပင်။
         ထိုကောင်းမှုများဖြင့် မြင့်မြတ်သူဟု သိရ
သည်ဖြစ်ရာ မြင့်မြတ်သူဖြစ်ကြောင်း ပါရမီသည်
မြင့်မြတ်သူတို့၏ ဖြစ်ကြောင်းဖြစ်ရာတည်း။
          လူညံ့များမှာ ကောင်းမှုပင်ဖြစ်စေ မိမိ
အတ္တဖြစ်သော ဂုဏ်သတင်းအတွက် အများအ
ထင်ကြီးလေးစာခံရဖို့အတွက်သာ ပြုလုပ်လို
ကြသည်။ သံသရာမှလွတ်ရေးထက် ဘဝကောင်း
စားရေး ထင်ပေါ်ကျော်ကြားရေးကိုသာ အလေး
ပေးတတ်၏။
            ထို့ကြောင့် ပါရမီမြောက်အလုပ်များမှာ
လူညံ့တို့အရာမဟုတ် သူတော်ကောင်း သူမြတ်
လောင်းတို့အရာသာတည်း။ ထိုအလုပ်များမှာ
ဘဝအပြစ်ကိုမြင်၍ အများအပေါ်၌ မေတ္တာ
ကရုဏာအားကြီးသော သူတော်ကောင်းတို့၏
လုပ်ငန်းဖြစ်၍  ပါရမီကိုမြင့်မြတ်သူတို့အလုပ်ဟု
ဘုရားရှင်ဟောတော်မူ၏။

"ပါရမီဆယ်ပါး အပြားအားဖြင့်သုံးဆယ်"

(၁)ဒါနပါရမီ

(၂)သီလပါရမီ

(၃)နေက္ခမပါရမီ

(၄)ပညာပါရမီ

(၅)ဝီရိယပါရမီ

(၆)ခန္တီပါရမီ

(၇)သစ္စာပါရမီ

(၈)အဓိဋ္ဌာန်ပါရမီ

(၉)မေတ္တာပါရမီ

(၁၀)ဥပေက္ခာပါရမီ

           ဟူသောဆယ်ပါးသောပါရမီတို့တည်း။

          ပြင်ပဥစ္စာလှုဒါန်းခြင်းကို ဥပပါရမီဆို၏။
ပရမတ္ထပါရမီကား အသက်ကိုစွန့်လှုခြင်းတည်း။
ဒါန၌သုံးမျိုးကွဲပြားသလို အပ ပစ္စည်းကိုစွန့်၍
သီလစောင့်ခြင်း ကိုယ်အင်္ဂါနစ်နာပျက်စီးခံ၍
သီလစောင့်ခြင်း အသက်အသေခံ၍ သီလစောင့်
ခြင်း စသည်ဖြင့် အခြားပါရမီတို့၌လည်း ဥပ
ပရမတ္ထ တို့ကိုခွဲရာ၏။ ဤပါရမီ ဥပပါရမီ ပရမတ္ထ
ပါရမီခွဲရာ၌ နည်းအမျိုးမျိုးရှိခဲ့ရာ ယခုခွဲပြပုံမှာ
ထိုခွဲနည်းများမှတစ်နည်းသာဖြစ်၏။

"ဒါန'သီလ'နေက္ခမ'ပညာ'    ဝီရိယာ'ခန္တီ 'တလီ
သစ္စာ'    အဓိဋ္ဌာန် 'ပါလျက် မေတ္တာ 'ဥပေက္ခာ'
မှတ်စရာ     ပါရမီဆယ်ပါးတည်း"

"ပြင်ပဥစ္စာ ကိုယ်အင်္ဂါနှင့်
  ဇီဝှာအသက် ငဲ့ကွက်မရှု
  စွန့်မှုအညီ အစဉ်မှီ၍
  ပါရမီဥပ ထိုမှ ပရမတ်
  ယှဉ်ကာဟပ်လျက်
  စွဲမှတ်ပါရမီ သုံးမျိုးတည်း။"

                              ရွှင်လန်းချမ်းမြေ့ပါစေ
                                

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment