Thursday, November 17, 2016
နတ်'နတ်ပြည်ရှိသလော
နတ်'နတ်ပြည်ရှိသလော
       နတ်ပြည် ဗြဟ္မာ့ပြည်များ ထင်ရှားရှိ၍ ထိုနတ်ပြည် ဗြဟ္မာ့ပြည်များသို့ ဘုရားရှင်ကြွ
ရောက်တော်မူကြောင်းကိုလည်းကောင်း ဘုရား
ရှင်လက်ထက်က ဘုရားမြတ်ထံ နတ်ဗြဟ္မာများ
ရံခါ တစ်ဦးချင်း ရံခါ အစုအဝေးဖြင့် အဖူးအမျှော်
တရားနာလာရောက်ကြောင်းကိုလည်းကောင်း
တန်ခိုးကြီးသော ရဟန္တာအရှင်မြတ်တို့လည်း
ကြွရောက်တော်မူကြောင်း စသည်ဖြင့် ပါဠိအဋ္ဌ
ကထာများ၌များစွာပင်တွေ့ရသည်။
            သဘာဝဓမ္မများဆန်းကြယ်ပုံကိုလည်း
ကောင်း ထိုသို့ဆန်ကြယ်သည်နှင့်အမျှ သဘာဝ
ဓမ္မများဖြင့်တည်ရှိနေသော သက်ရှိသက်မဲ့
သတ္တဝါအရာဝတ္ထုတို့၏ ထူးခြားဆန်းပြားပုံကို
ဖြင့်မမြင်ရပဲ ဥာဏ်ထူးများဖြင့်သာ တွေ့နိုင်မြင်နိုင်
သည်ကိုလည်းကောင်း မထောက်မထားပဲ မိမိတို့
မမြင်ရ၍ မရှိဟုဆိုသူများက နတ်ဗြဟ္မာများနှင့်
သူတို့၏ ဘုံဋ္ဌာနများကို လက်မခံလို ငြင်းပယ်လို
ကြ၏။ နတ်ဗြဟ္မာများကို ငြင်းပယ်ကြလိုသော
အချို့သူများကား နတ်ဗြဟ္မာကိုသာမက အဆက်
မပြတ်ဖြစ်ရသော သံသရာသဘာဝကိုပင် ပစ်
ပယ်လျက် တမလွန်ဘဝ မရှိဟုပင် ဆိုလျက်ရှိ
ကြ၏။
                        ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment