"ကဿပမြတ်စွာဘုရားရှင်သည် ကိကီမင်းကြီးအား ဟောကြားတော်မူ
သော(သဟဿာရဟ)ဂါထာတော်များမှနံပါတ်
(၃)ဂါထာ"
"ဇီရန္တိ ဝေ ရဇရထာ သုစိတ္တာ
အထော သရီရမ္ပိ ဇရံ ဥပေတိ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ
သန္တော ဟဝေ သဗ္ဘိ္ဘ ပဝေဒယန္တိ"။
ကောင်းစွာဆန်းကြယ်ကုန်သော မင်းစီးရ
ထားတို့သည်ပင်စစ် ဆွေးမြေ့ကြရကုန်၏။
ထို့ပြင် သူသူငါငါ သတ္တဝါတို့၏ ခန္ဓာကိုယ်သည်
လည်း ဆွေးမြေ့ယိုယွင်း အိုမင်းခြင်းသို့ ရောက်
ရလေကုန်၏။
သူတော်ကောင်းတို့၏ တရားဖြစ်သော
နိဗ္ဗာန်သည်ကား ဆွေးမြေ့ပျက်စီးခြင်းသို့ အ
ဘယ်သောခါမှ မရောက်နိုင်သည်သာ။ ဤသို့
လျှင် ဘုရားအစရှိသော သူတော်ကောင်းတို့
သည် ထိုသူတော်ကောင်းဥစ္စာဟုဆိုအပ်သော
နိဗ္ဗာန်ကိုသာလျှင် စစ်စစ်ဧကန် ချီးကျူးစကား
ပြောကြားမိန့်ဆိုတော်မူကြလေကုန်သတည်း။
အာသီသ
မမြဲခြင်း-အနိစ္စ ဆင်းရဲခြင်း-ဒုက္ခ
အစိုးမရ အလိုသို့မလိုက်ခြင်း -အနတ္တ တရားတို့
ကို အဖန်ဖန် ပွါးများ ဆင်ခြင် သုံးသပ်ရာသော
ဝိပဿနာ ကုသိုလ်စေတနာဖြင့် ဒုက္ခခပ်သိမ်းတို့
ချူပ်ရာငြိမ်းရာဖြစ်သော မဂ်ဥာဏ် ဖိုလ်ဥာဏ်
မြတ်နိဗ္ဗာန်ကို မပင်မပန်းချမ်းသာလွယ်ကူစွာ
မျက်မှောက်ပြုနိုင်သည် ဖြစ်ကြပါစေသား။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment