"စာပေ ပညာ"
အကြားအမြင်ဗဟုသုတဆိုသည်မှာ နာယူ
လေ့လာအပ်သော ပညာများဖြစ်ရာ ယုံမှားသံသ
ယကို ပယ်ဖျောက်တတ်ခြင်း မျက်ကွယ်ဖြစ်သော
အကျိုးစီးပွါးကို ပြတတ်သော စာပေကျန်းဂန်များ
မှာ လူအပေါင်းတို့၏ မျက်စိသဖွယ်ဖြစ်ရာ ပညာ
မျက်စိမရှိသူမှာ အကန်းကဲ့သို့သာဖြစ်တော့သည်
စာပေ ပညာများမှ မျက်မှောက်အကျိုး တမ
လွန် အကျိုးအမျိုးမျိုးကို သိရသည်ဖြစ်ရာ စာပေ
ပညာ တတ်ခြင်းဖြင့် လောကရေး ဓမ္မရေး၌ နည်း
မှန် လမ်းမှန်သို့လိုက်ကာ ဘေးရန်ကင်း၍ ချမ်း
သာခြင်းသို့ ရောက်ကြရသည်။
ပညာမဲ့သူမှာ စမ်းတဝါးဝါးအရမ်းသွား၍
လမ်းမှားသို့ရောက်ရတတ်သည်။ပညာကား လူ
တို့၏ တန်ဘိုးနဂ္ဃထိုက်တန်သော ရတနာဖြစ်
ကြောင်း ဘုရားရှင် ဟောတော်မူသည်။
ပညာရှိသူမှာ ရတနာဆင်ထားသကဲ့သို့
ထင်ရှားတင့်တယ်ခြင်း အများမှီခိုရာဖြစ်ခြင်း
ကျော်စောခြင်း ဥစ္စာစည်းစိမ်ရခြင်း စသော လော
ကအကျိုး ခံစားရသည့်အပြင် ပညာဖြင့်သိရသော
လိုက်နာဖွယ် ရှောင်ရှားဖွယ် များကို လိုက်နာခြင်း
ရှောင်ရှားခြင်းကြောင့် သေလွန်သောအခါ သုဂ
တိ ဘဝရောက်ရခြင်း စသော တမလွန်အကျိုးကို
လည်း ခံစားရသည်။
ပညာဗဟုသုတ ရှိနေရုံမျှဖြင့် တကယ့်
ပညာရှင်ဟု မဆိုထိုက်သေး အချို့မှာ မိမိတတ်
သောပညာကို အကြောင်းပြု၍ မာန်တက်ခဲ့ရာ
အမှားမှား အယွင်းယွင်း ပြောဆိုမှား အသုံးချမှား
ခြင်းကြောင့် မိမိတတ်သော ပညာများမှာ အဝီစိ
ငရဲရောက်ဖို့သာ ဖြစ်တော့သည်။
"ကျမ်းဂန် အများအပြား သင်ထားပါ
လျက် လူမိုက်လည်းဖြစ်တတ်၏။ကျန်းဂန်ဆို
တိုင်း ကျင့်သူသာ ပညာရှိဖြစ်သည်။ နှိုင်းချိန်စဉ်း
စား ကောင်းစွာ ဖေါ်စပ်ထားသောဆေးကား လူ
နာတို့၏ရောဂါကို ပျောက်အောင် ကုနိုင်၏။ ဆေး
အမည်ကလေးမျှဖြင့် ရောဂါမပျောက်နိုင်ပေ။"
အလိမ္မာ စာမှာရှိရာ ထိုအလိမ္မာကို
အသိဥာဏ်မှာရှိအောင် ပြုမူကျက့်ကြံသူကားရှား
လှ၏။ စာအုပ်ထဲမှာရှိသောပညာ သူတစ်ပါးလက်
ထဲတွင်ရှိသော ဥစ္စာတို့ကား ပညာလည်းမဟုတ်
ဥစ္စာလည်မမည်။ ကိုယ်တိုင် လေ့လာဆည်ပူး
လျက် ကျင့်ကြံနေထိုင်မှသာလျှင် ကောင်းကျိုး
မှန်သမျှ ခံစားရပေလိမ့်မည်။
ဘုရားအလောင်းတော်များသည်
သတ္တဝါများအပေါ်၌ အကျိုးစီးပွါးလိုလားသော
စိတ်ထားရှိကြရာ ထိုစိတ်ထားကြောင့်ပင်
အလောင်းတော်တို့ပညာမှာ သတ္တဝါတို့ အကျိုး
အတွက် ဖြစ်ရသည်။ ထို့ကြောင့် အလောင်းတော်
တို့ ပညာမှာ ပါရမီမြောက်သော ပညာဧကန်ဖြစ်
ရပေတော့သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment