Thursday, November 17, 2016

အကိတ္တိရသေ့ဆုတောင်း

"အကိတ္တိရသေ့ဆုတောင်း"

        အလောင်းတော် အကိတ္တိရသေ့ကို သိကြား
မင်းက လိုရာဆုတောင်းရန်လျောက်သောအခါ
"လူမိုက်ကို မမြင်ရ မပေါင်းရလိုကြောင်း လူမိုက်
နှင့် စကားမပြောရလိုကြောင်း "ဆုတောင်း၏။
         အဘယ့်ကြောင့် လူမိုက်ကို မမြင်လိုမပေါင်း
လိုပါသနည်းဟု မေးသောအခါ ရှင်ရသေ့က
"လူမိုက်သည် နည်းမမှန် လမ်းမကျသောအကျင့်
များကို နည်းမှန်လမ်းမှန်ဟု ယူဆတတ်ကျင့်
တတ်၏။ မပြုသင့်သည့် တာဝန်များ၌ တိုက်တွန်း
တတ်၏။ မကောင်းသောနည်းလမ်းများမှာ သူ့အ
ဖို့ အကောင်းဖြစ်နေ၏။အကျိုးသင့် အကြောင်း
သင့်ပြောသော် စိတ်ဆိုးတတ်၏။ ကျင့်ဝတ်ဝိနည်း
ကိုနားမလည် မကျင့် ထိုလူမိုက်မျိုးကို မမြင်ရ
မတွေ့ရ ခြင်းသာ ကောင်းပါ၏"ဟု ပြောတော်မူ
သည်။
          တဖန်ဆုတောင်းပုံကား"ပညာရှိကို မြင်
တွေ့ရ ပေါင်းသင်းရလို၏။ ပညာရှိနှင့် စကား
ပြောရလိုသည်"ဟု ဆုတောင်ပြန်၏။သိကြားမင်း
က အကြောင်းကို မေးမြန်းသော် "ပညာရှိကား
နည်းမှန်လမ်းမှန်ကို ကျင့်တတ်၏။ မပြုသင့်သော
တာဝန်များ၌ မတိုက်တွန်းတတ် မှန်ကန်သော
နည်းလမ်းသာ ပညာရှိအဖို့ အကောင်းအမြတ်ဖြစ်
၏။ အကျိုးသင့်အကြောင်းသင့်ပြောသော် စိတ်မ
ဆိုးတတ် စည်းကမ်းဝိနည်းကို နားလည်အောင်
ကျင့်ကြံတတ်၏ ထိုပညာရှိမျိုးနှင့် ပေါင်းသင်းရ
ကား ကောင်းလှပေ၏"ဟု ဆိုတော်မူ၏။
                              ရွှင်လန်းချမ်းမြေ့ပါစေ
                                 

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment