"ဒုစရိုက်(၁၀)ပါး"
(က)ကာယဒုစရိုက်သုံးပါး
(၁)သတ်ဖြတ်ခြင်း(၂)ခိုးခြင်း(၃)သူတစ်ပါး
သားမယားပြစ်မှားခြင်း။
(ခ)ဝစီဒုစရိုက်လေးပါး
(၁)လိမ်ပြောခြင်း(၂)ရန်တိုက်ခြင်း(၃)ကြမ်း
တမ်းသောစကားကို ပြောဆိုခြင်း(၄)သိမ်ဖျင်း
(အနက် အဓိပ္ပါယ်မရှိ)သောစကားကိုပြောဆိုခြင်း
။
(ဂ)မနောဒုစရိုက်သုံးပါး
(၁)သူ့ဥစ္စာကိုရရန်ကြံစည်ခြင်း(၂)သူတစ်
ပါးပျက်စီးစေရန် ကြံစည်ခြင်း(၃)အယူမှာခြင်း/
မိစ္ဆာအယူ ယူခြင်း။
ဤဆယ်ပါးကား မကောင်း ယုတ်ညံ့သော
ဒုစရိုက်ဆယ်ပါးသာတည်း။
ထိုဆိုခဲ့ပြီးသော ဒုစရိုက်ဆယ်ပါးကို
ရှောင်ကြဉ်ခြင်းသည် သုစရိုက်တရား ဆယ်ပါးကို
ကျင့်ခြင်းမည်၏။
မကောင်းမှုပြုကျင့်သူတို့မှာ ဘေးလေး
မျိုး ကြုံရတတ်၏။၎င်းဘေးလေးမျိုးမှာ……………
(၁)အတ္တာနုဝါဒဘေး=မိမိကိုယ်ကို စွပ်စွဲ
သောဘေး။မကောင်းမှုပြုသူမှာ "ငါမကောင်းပါ
တကား" ဟု မိမိကိုယ်ကို အစဉ်အပြစ်တင်ကာ
စိတ်မကောင်းဖြစ်နေရတတ်၏။
(၂)ပရာနုဝါဒဘေး=သူတစ်ပါးစွပ်စွဲသော
ဘေး။ "ဤသူလူဆိုးပဲ" ဟု သူတစ်ပါးက ကဲ့ရဲ့
အပြစ်တင်ခြင်း ခံရသည့် ဘေးတည်း။
(၃)ဒဏ္ဍဘေး=မင်းပြစ်မင်းဒဏ်သင့်
သောဘေး။
(၄)ဒုဂ္ဂတိဘေး=အပါယ်ရောက်ရသည့်
ဘေး။
ရှေ့သုံးပါးမှာ မျက်မှောက်ဘဝ၌ခံရမည့်
ဘေးဖြစ်ရာ သုစရိုက်တရားကျင့်နေသူများ၌ ထို
ဘေးများကင်းကာ စိတ်ချမ်းသာလျက်ရှိနေ၏။
အများ၏ ချစ်ခင်လေးမြတ်ခြင်းကို ခံရ၏။
မေတ္တာ ကရုဏာ မုဒိတာများဖြစ်
လျက် အလွန်စိတ်အေးချမ်းနေရသူမှာ အဆင်း
ခွန်အားတိုးကာ အသက်ရှည်စွာနေရတတ်၏။
သူတော်ကောင်းတရား ဆုတ်ယုတ်သောခေတ်
အခါ၌ ရောဂါများခြင်း အသက်တိုခြင်းဖြစ်၍ သူ
တော်ကောင်းတရားထွန်းကားသောခေတ်၌ ရော
ဂါကင်းလျက် အသက်ရှည်ကြခြင်းမှာ သူတော်
ကောင်းတရား၏ အကျိုးအာနိဿင်ပင်။
ရှေးအခါက လိုချင်ခြင်း အစာဆာ
လောင်ခြင်း အိုချိန်ကျ၍အိုခြင်းဟု ရောဂါသုံးမျိုး
သာ ရှိခဲ့ကြောင်း ၎င်းနောက် နွားတို့ကိုသတ်ဖြတ်
ရာမှအစပြု၍ ကိုးဆယ့်ရှစ်ပါးသော အနာရောဂါ
များဖြစ်လာရသည်ဟု ဘုရားရှင်ဟောကြားတော်
မူခဲ့ပါသတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment