"မင်းနှင့် မင်းမှုထမ်းတို့ကျင့်ရန်"
"မင်းကျင့်တရား(၁၂)ပါး"
(၁)ရတနာသုံးပါးကို မပြစ်မှားခြင်း။
(၂)အဘိဇ္ဇာတရားကိုရှောင်ကြဉ်ခြင်း။
(၃)အလှုပေးသူတို့အား နှစ်သက်မြတ်နိုးခြင်း။
(၄)ပညာရှိသူတော်ကောင်းတို့ကို နှစ်သက်မြတ်
နိုးခြင်း။
(၅)လျှင်စွာ အလှုဒါနပြုခြင်း။
(၆)ဓမ္မသတ်စသော အရိုးကိုယူရခြင်း။
(၇)နည်းနာကို ယူခြင်း။
(၈)ပုံပြင်ကို ပြုခြင်း။(မှန်နန်းရာဇဝင်)စသည်
ရှေးသမိုင်းကြောင်းမှ သမိုင်းကောင်းများကို
စံနမူနာယူခြင်း။
(၉)ငါးပါးသီလ စောင့်ထိန်းခြင်း။
(၁၀)အမျက်ဒေါသကို ချူပ်တည်းခြင်း။
(၁၁)အကုသိုလ်တရားတို့ကိုရှောင်ကြဉ်ခြင်း။
(၁၂)ပြည်သူ ရဟန်းတို့ကို မျှတစွာကောင်းစွာ
အုပ်ချူပ်ခြင်း။
"သင်္ဂဟတရား(၄)ပါး"
(၁)ပေးကမ်းစွန့်ကြဲခြင်း။
(၂)ချစ်ခင်ဖွယ်သောစကားကိုဆိုခြင်း။
(၃)ပြည်သူ့အကျိုးစီးပွါးကိုကျင့်ခြင်း။
(၅)ရဟန်းရှင်လူ ပြည်သူအပေါင်းအား မိမိကိုယ်
နှင့်အမျှ ကိုယ်ချင်းစာတရားထားခြင်း။
"ရာဇာ ရက္ခန္တုဓမ္မေန အတ္တနောဝ ပဇံပဇံ-
မင်းသည် သတ္တဝါများကို မိမိရင်ဝယ်သားကဲ့သို့
တရားသဖြင့် စောင့်ရှောက်တတ်ပါစေ"
မင်းများတရားမစောင့်လျှင်သော်လည်း
ကောင်း အုပ်ချူပ်ရေးမတတ်လျှင်သော်လည်း
ကောင်း တိုင်းသူပြည်သားလူအများ ဆင်းရဲဒုက္ခ
ရောက်ကြရသည်။ တိုးတက်ကြီးပွါးမှုမရနိုင် သာ
သနာလည်း မင်းများအကူအညီရသော် ပို၍ကြီး
ပွါးတိုးတက်လျက်အရှည်တည်တံ့နိုင်၏။
ထို့ကြောင့် အရှင်ဗုဒ္ဓဃောသမထေရ်မြတ်
အရှင်ဓမ္မပါလထေရ် စသော ကျမ်းပြုဆရာမြတ်
တို့က အာသီသပြုခဲ့ကြသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment