"မိဘကောင်းတို့မည်သည်"
မိဘကောင်းတို့သည် သားသမီးကို ပစ္စည်း
ဥစ္စာထက် အလိမ္မာနှင့် ပညာပေးကာ ချီးမြှောက်
လိုကြသည်။ ဥစ္စာပစ္စည်းဟူသည် ပျက်စီးတတ်၍
မပျက်မစီး ခိုင်မြဲစွာတည်သော ကောင်းကျိုးကို
လည်း အစဉ်ပေးတတ်သော ထိုချီးမြှောက်မှုမှာ
မှန်ကန်သော ချီးမြှောက်မှုပင်ဖြစ်၏။
ထိုကဲ့သို ချီးမြှောက်တတ်သော မိဘများမှာ
သားသမီးကို တကယ်ချစ်သော သားသမီး၏မိတ်
ဆွေစစ်သာတည်း။
သားသမီးကိုအလိုက်အကြိုက်ဆောင်လျက်
မဆုံးမတတ်သောမိဘများမှာ ချစ်ရာမရောက်
နှစ်ရာရောက်၍ ရန်သူများကဲ့သို့ပင်ဖြစ်တော့
သည်။ သားသမီးများကို တိုက်ရိုက်တစ်မျိုး သွယ်
ဝိုက်သောနည်းလမ်းဖြင့်တစ်ဖုံ ဆုံးမပဲ့ပြင်ပေး
ခြင်းဖြင့် သားသမီးကောင်းအောင်ပြုပြင်ခြင်းမှာ
မိဘတို့တာဝန်သာဖြစ်တော့သည်။
မိဘများ၏ အပြုအမူ အပြောအဆို အကျင့်
အကြံများမှာ အတုမြင် အတတ်သင်မျိုးဖြစ်ရာ
မိဘများက သားသမီးများကို ကောင်းတုမြင်၍
ကောင်းတတ်သင်နိုင်အောင် စံနာမူနာအစဉ်ဖြစ်
နေသင့်၏။လောကကြီးပွါးရေးသာမက ဘာသာ
ရေး၌လည်း စိတ်ပါဝင်စားအောင် ပြုပြင်ပေးရ
မည်သာ။
ဘုရားရှင်၏ အဆုံးအမ၌ တည်သောသူ
မှာ အမှန်တကယ် လိုက်နာကျင့်သုံးသောကြောင့်
လောကရေး၌ စိတ်ချမ်းသာရ၏ အကျင့်ကောင်း
သဖြင့် ခုဘဝ နောင်ဘဝ တိုးတက်ကြီးပွါး၏။
တကယ့်ငြိမ်းချမ်းရေးကို လိုလားသောအခါလည်း
တကယ့်အေးရိပ်သာဖြစ်၏။
သို့ဖြစ်လျှင် မိမိတို့ရရှိထားသော ထို
ကောင်းမြတ်သောအမွေကို သားသမီးများ တစ်
သက်လုံး ကျင့်ကြံထိန်းသိမ်းထားနိုင်အောင်
မအပ်နှင်းပဲ နေထိုက်ပါမည်လား။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment