Thursday, November 17, 2016

"ဝါခေါင်လပြည့်နေ့ အမှတ်တရ တိုက်တွန်းချက်"

"ဝါခေါင်လပြည့်နေ့ အမှတ်တရ
တိုက်တွန်းချက်"

တစ်ခေတ်တစ်ခါ ကြုံခဲစွာလျှင် ပေါ်လာထူးခြား
ရတနာမြတ်သုံးပါး၌။ နှစ်သက်ဖွယ်စုံ ဂုဏ်ရည်
ဝင်းသစ် ရတနာ၏အဖြစ်ကို။ တရားမှန်ပြင် ဖန်ဖန်တင်လျက် ဆင်ခြင်တွေးမိ သိရှိသည်ဖြစ်၍
သတိမလပ် ပဋိပတ်ဖြင့် ပေးအပ်မယွင်း လေးမြတ်ခြင်းကို ဘယ်အခါမဆို ရှင့်အလိုလိုက်
စရိုက်မွေးကာ ပြုကျင့်ရာ၏။

သန္ဓေကပင် မမြင်မစမ်း စုံလုံးကန်းသူသည်
တန်ဖိုးထိုက်လျက် နှစ်သက်ဖွယ်ရာ ရတနာကောင်းကို အခွင့်သင့်ကာ
ရလာသည်ရှိသော်  အဖိုးကန့်သတ် မဖြတ်နိုင်သည်၏အဖြစ်ကို ရေးရေးမျှပင် အမြင်မရှိ အဘယ်မှာသိနိုင်ပါအံ့နည်း။
                            ရွှင်လန်းချမ်းမြေ့ပါစေ
                                 

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment