"ဝိပဿနာဆိုတာ ဘာလဲ?"
ဝိ=အထူးထူးအပြားပြားများစွာသော
-ရုပ်နာမ်ဓမ္မ သင်္ခါရတရားတို့စုတို့၏
ဖောက်ပြန်ခြင်း ပျက်စီးခြင်းတို့ကို အနိစ္စ
လက္ခဏာဖြင့် မမြဲခြင်းသဘောကိုလည်း
ကောင်း ဒုက္ခ အားဖြင့် ဆင်းရဲပင်ပန်းခြင်း
စသော ဒုက္ခသစ္စာအားဖြင့်လည်းကောင်း
အနတ္တ အစိုးမရအလိုသို့မလိုက်ခြင်း သ
ဘောရှိသော အနတ္တတရားတို့အား။
ပဿနာ =အဖန်ဖန်ပင် ရှုပွါးဆင်ခြင်
ဥာဏ်ဖြင့်ယှဉ်လျက် မဂ်ဥာဏ်ဆင့်ဆင့်
သမ္ဘ္ဘာရင့်အောင် ကြံဆောင်ကြိုးကုတ်
အားထုတ်ခြင်းသည် "ဝိပဿနာ"တည်း။
ပညတ်တို့ကိုဖယ်ခွါလျက် ပရမတ်
တို့သဘောဖြစ်သော ရုပ်နာမ်တရားတို့၏
အနိစ္စ ဒုက္ခ အနတ္တ အစရှိသော တရား
သဘောတို့အား သိအောင်လုပ်ခြင်း။
ထိုရုပ်နာမ်တရားတို့၏ ဖြစ် ပျက်
ချုပ် ဆုံး ဒုက္ခတုံးကို မြင်အောင်ရှုမှတ်ခြင်း။
ခန္ဓာအရှိဥာဏ်အသိကို ကိုက်
အောင်ဆင်ခြင်ဥာဏ်ဖြင့်ယှဉ်၍လည်း
ကောင်း။
ရှေ့ကဖြစ်ပျက် ဥာဏ်ဖြင့်စက်
လျက် မဂ်ဆိုက်ဖိုလ်ဝင် နိဗ္ဗာန်မြင်ဖိုရာ
လည်းကောင်း အားရဖွယ်တောင်း အ
ကောင်းဆုံး အရသာဖြစ်သော ထိုဝိပဿ
နာ ကျင့်ဖွယ်ရာကို သုံးလူ့ထွဋ်တင် ဘုရား
ရှင်သည် ဟောကြားတော်မူပါ၏။
ရုပ်နာမ်၌ဖြစ်သော သဘောတို့
အား အရှိတိုင်းသာ သတိဖြင့်စောင့်ရှောက်
လျက် မဇ္ဈိမပဋိပဋာဖြစ်သော အလယ်အ
လတ်လမ်းစဉ်အတိုင်းသာ မဂ္ဂသစ္စာဖြင့်
ယှဉ်သော အကျင့်မြတ်ဖြင့် သိအောင်
အားထုတ်ရာ၏။
ပုဂ္ဂိုလ်သတ္တဝါ ယောကျာ်း
မိန်းမ ချမ်းသာ ဆင်းရဲ ပညတ်ထဲမှ ဆင်
ခြင်အမှန် ထိုရုပ်နာမ်သာ မြင်ရန်သိမှု
လုံ့လပြုလျက် ဆက်ဆက်အားထုတ်ရာ
၏။
ပရမတ်အမှန် ဧကန်သိမှ
ကျား မ သူ ငါ မရှိပါတကား ဟု သိမှုဥာဏ်
တွေ တိုးပေတော့မည်။
စိတ် စေတသိက ရုပ် နိဗ္ဗာန်
တည်းဟူသော မဖေါက်မပြန်မှန်ကန်စွာ
ပရမတ်တရားတို့၏ သိသောသဘော
ညွတ်သောသဘောကိုလည်းကောင်း။
ရုပ်တရားတို့၏ ဖေါက်ပြန်ပျက်စီးခြင်းသ
ဘောကိုလည်းကောင်း အကြင်သူသည်
သိအောင်မြင်အောင် အားထုတ်ရာ၏။
သိမှုတည်းဟူသော စိတ်ကို
မှီတွယ်လျက် ဖြစ်သော စေတသိဟ် တ
ရားတို့ကို သိမြင်ခြင်းငှာ ဝိပဿနာယာနိ
က လမ်းစဉ်ဖြင့်လည်းကောင်း သမထယာ
နိကမှစသော သမထဝိပဿနာလမ်းစဉ်
ဖြင့်လည်းကောင်း ယုဂန္ဓ အကျင့်လမ်းစဉ်
ဖြင့်လည်းကောင်း အရဟတ္တဖိုလ်ပေါက်
မျက်မှောက်ပြုခြင်းငှာ စွမ်းနိုင်တော်မူကြ
ပါစေသား…။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment