Thursday, November 17, 2016

ဥာတတ္ထစရိယာ

"ဥာတတ္ထစရိယာ"

           အမျိုးသားရေးကိုဆောင်ရွက်ခြင်းမှာ ဘု
ရားအလောင်းတော်တို့၏ ကျင့်ရိုးဖြစ်၏။      အ
လောင်းတော်များသည် အမျိုးသားရေးအကျိုး
ဆောင်ခြင်း ဘေးရန်ကာကွယ်စောင့်ရှောက်ခြင်း
စသည်ဖြင့် အမျိုးနွယ်ဝင် အမျိုးသားရေး အကျိုး
များကို သည်ပိုးဆောင်ရွက်ခဲ့ရာ ဥာတတ္ထစရိယာ
ဟု စရိယ တစ်ရပ်အဖြစ် ထင်ရှားခဲ့သည်။
           ဥာတတ္ထစရိယာ၌ ဥာတိဆိုသည်မှာ သွေး
သားတော်စပ်သော အမျိုးမျှမဟုတ်ပဲ ဇာတ်တူ
ကိုယ့်အမျိုးအနွယ်များကိုလည်း ဥာတိဟုဆိုသည်
ဤ၌ ကိုယ့်အမျိုးအနွယ်အားလုံးကို ဥာတက ဟု
ဆိုသော် ပို၍ ပြည့်စုံ၏။
            ကိုယ့်အဖို့သာအစဉ်ကြည့်တတ်သူမှာ
စိတ်သဘောထားသေးသိမ်ကျဉ်းမြောင်းသူဖြစ်
၏။ ထိုသူမျိုးမှာ မိမိဆွေမျိုးများအပေါ်ကူညီရန်
သတိမရတတ် တစ်မျိုးသားလုံးအပေါ်မှာဆိုလျှင်
ဆိုဖွယ်ရာမရှိ။ အမျာူအကျိုးလိုလားသောသူမှာ
စိတ်သဘောထားကြီးမားမြင့်မြတ်သောသူသာ
တည်း။
              ထိုသူမျိုးမှာ မိမိဆွေမျိုးသာမက တတ်
နိုင်လျှင် တစ်မျိုးသားလုံးကောင်းစားအောင်ပြုရန်
အဆင်သင့်ဖြစ်နေတတ်၏။ မိမိဆွေမျိုး အမျိုး
သားတစ်ရပ်လုံးအပေါ် ကောင်းဖို့ရာမှာ မေတ္တာ
ကရုဏာအရင်းခံဖြစ်ရာ ထိုတရားများထွန်းကား
သော ခေတ်အခါကဆိုလျှင် သူတစ်ပါးက ဆုံးမ
ဖွယ်မလို အရိုးစွဲနေသော အကျင့်ဖြစ်ကာ အချင်း
ချင်း ကူညီရိုင်းပင်းလျက် တစ်သားတည်း ညီ
ညွတ်လျက်ရှိရာ သာယာသောခေတ် ဖြစ်တော့
သည်။
               မေတ္တာ ကရုဏာခေါင်းပါးသော ခေတ်
အခါမှာမူ တစ်မျိုးသားလုံးမဆိုထားနှင့် ဆွေမျိုး
ပင်ကွဲပြားလျက် မသာမယာဖြစ်ရသည်။ ထို့
ကြောင့် သာယာသောလောက ဖန်တီးဖို့ရာ
အလောင်းတော်ကြီးများထုံး နှလုံးမူ၍ တစ်မျိုး
သားလုံးကောင်းစားရေးအတွက် ကြိုးစားအား
ထုတ်သင့်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရ
ပါသည်။ 
                            ရွှင်လန်းချမ်းမြေ့ပါစေ
                                

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment