Thursday, November 17, 2016

ပညာရှိ

"ပညာရှိ"
       ကောင်းသောအကြံကိုကြံခြင်း ကောင်းသော
စကားကိုပြောခြင်း ကောင်းသောအလုပ်ကိုလုပ်
ခြင်း ဤသုံးပါးကား ပညာရှိဟု သိနိုင်ကြောင်း
အမှတ်လက္ခဏာများသာတည်း။
        ဤလက္ခဏာသုံးပါရှိနေသူက ပစ္စုပ္ပာန်နှင့်
တမလွန် အကျိုးနှစ်မျိုးကို ရနိုင်သည်ဖြစ်ရာ
ဘုရားရှင်က ၎င်းပုဂ္ဂိုလ်မျိုးကို ပညာရှိဟု ဟော
တော်မူသည်။
           စာပေနှင့်အခြားပညာအမျိုးမျိုးကို တစ်
နည်းတစ်လမ်းအရ ပညာရှိဟုဆိုသော်လည်း
ကောင်းသောအကြံ ကောင်းသောစကား
ကောင်းသောအလုပ် စသော လက္ခဏာသုံးပါး
မရှိလျှင် ပညာရှိဟုမဆိုအပ်ပေ။
           စာပေအတတ်ထူးခြားစွာ မတတ်သော်
လည်း ကောင်းမကောင်း သိရှိနားလည်၍ ၎င်း
သိရှိနားလည်သည့်အတိုင်း ကျင့်ကြံသော လူ
လိမ္မာသူတော်ကောင်းကိုသာ ပညာရှိဟု ဆိုလို
သည်။
        အကယ်၍ အတတ်ပညာနှင့်လည်းပြည့်စုံ
မည် အကျင့်လည်းကောင်းမည်ဆိုပါလျှင် ထိုသူ
ကား အမှန်တကယ်မှီခိုအားထားထိုက်သော
ပညာရှိသူတော်ကောင်းပင်ဖြစ်၍ ထိုပုဂ္ဂိုလ်မျိုး
ကို ဘုရားရှင်က ခုဘဝ နောင်ဘဝ အကျိုးနှစ်ပါး
၌ ဥာဏ်အသွားဖြင့် သွားတတ်ရောက်တတ်ကုန်
သော ပညာရှိအစစ်ဖြစ်ကြောင်း မြတ်ဗုဒ္ဓဟော
ပြတော်မူခဲ့ပါသတည်း။
                            ရွှင်လန်းချမ်းမြေ့ပါစေ
                                    

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment