"အတုမဲ့တရား"
ရုပ်နာမ်တို့၏ ဆိုင်ရာသဘာဝများနှင့် အနိစ္စ
လက္ခဏာစသည်ကို အတော်အသိခက်လျက်ရှိ
၏။ သာမန်ဥာဏ်မျိုးရှိသူမှာ ထိုသဘာဝများကို
သိရန်ပင် ထောက်တည်မရရှိ၏။ ဝိပဿနာဥာဏ်
တို့၏အရာသာ။ မဂ်ဥာဏ်ဖိုလ်ဥာဏ်မှတစ်ပါး
အခြားလောကီဥာဏ်တို့ဖြင့် ထောက်တည်ရာမရ
အောင် နက်နဲလှသည်။
ထိုသို့နက်နဲသောကြောင့် သိမြင်နိုင်ရန်
ခက်ခဲလှသည်။ သဘာဝအားဖြင့်လည်း သိမ်မွေ့
လှ၏ နူးညံ့လှ၏။ ကိလေသာနာမ်ရုပ်ဖောက်ပြန်
တတ်သော တရားတို့မှလွတ်လျက်ရှိနေသော
ကြောင့် အလွန်ငြိမ်သက်အေးချမ်းလျက်ရှိ၏။ဤ
သို့စသောအကြောင်းများကြောင့် နိဗ္ဗာန်နှင့်တူ
သောတရား တစ်ခုမှမရှိဟု ဘုရားရှင်ဟောတော်
မူသည်။
နိဗ္ဗာနဓါတ်ကား အလွန်ထူးခြားသော
တရားတော်ဖြစ်၏ ထူးမြတ်ကောင်းမွန်သော
နိဗ္ဗာနဓါတ်ကို ရယူနိုင်ခွင့်ရှိသည်မှာ သာသနာ
တော်၏ ထူးခြားသောဂုဏ်တစ်ရပ်ဖြစ်ရ၏။
နိဗ္ဗာန်သို့မျက်မှောက်ပြုရန် လမ်းမှန်အ
ကျင့်ကောင်းလည်းရှိ၍ ကျင့်သည့်အတိုင်း နိဗ္ဗာန
ဓါတ်သို့ ဆိုက်ရောက်နိုင်သည် ဆိုလျှင် သာသနာ
နှင့်ကြုံရသော ဤအခါမျိုးမှာ နိဗ္ဗာန်ရရေး၌ လေး
လေး စားစား မကြိုးစားပဲ မရှိသင့်ပေ။ သို့သော်
အလွန်သိမ်မွေ့၍ ခက်ခဲနက်နဲသောတရားဖြစ်၍
သာမန်ဇွဲလုံ့လဖြင့်ကား မရနိုင်ရာ လွန်စွာကြိုးစား
ခြင်းဖြင့် နိဗ္ဗာနဓါတ်သို့ ဆိုက်ကပ်နိုင်ပါစေ။
"အထုံးအဖွဲမှန်သမျှတို့မှ လုံးဝလွတ်ကျွတ်ရာ
ဖြစ်သော မြင်နိုင်ခဲ၍ နက်နဲဧကန်ဤနိဗ္ဗာန်ကို
ဝီရိယအားလျော့ ပေါ့ပေါ့ဆဆ အားထုတ်ကြ၍
ရနိုင်ဖို့ရာ မဖြစ်နိုင်ပါပေ။ ဇွဲအားသန်သူ လူချွန်
များသာ ရရာအမှန် ပြည်နိဗ္ဗာန်ကို ဧကန်ထုတ်
ချောက် မျက်မှောက်ပြုမည်သာ။ ဇွဲမာန်ကိုလျော့
ပေါ့ပေါ့တန်တန် သာမန်စွမ်းအားမျိုးဖြင့် မေ့မေ့လျော့
လျော့ ကျင့်ကြံသည်ရှိသော် သိမ်မွေ့နက်နဲ ခက်ခဲ
အမှန် မြတ်နိဗ္ဗာန်ကို ရဖို့ရန်မှာ မဖြစ်နိုင်ပါဟု"
ဘုရားရှင်ဟောကြားတော်မူပါသတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment