Thursday, November 17, 2016

ဓမ္မအပ္ပမာဒ

"ဓမ္မအပ္ပမာဒ"

       မမေ့မလျော့ခြင်းဟူသည် သတိပင်တည်း။
လောက၌ ကိုယ့်အလုပ်တွင် စိတ်မဝင်စား
အပျော်အပါး လောင်းကစား စသည်၌သာလိုက်
နေသူ အလုပ်၌ပျင်းသူ လုံ့လမရှိသူကား  မေ့
လျောနေသူများတည်း။
       ကိုယ့်အလုပ်တွင်စိတ်ဝင်စားလျက် ကြိုးစား
နေသူမှာ မမေ့မလျော့သူ သတိရှိသူများပင်ဖြစ်
ကြ၏။ ပညာရေး ကျန်းမာရေး စီးပွါးရေးစသော
လောကအရေးမှန်သမျှမှာ သတိသည် အရေးပါ
လှသည်။
         လောက၌ သမာသမတ်ကျကျ ကြီးပွါးတိုး
တက်နေသူများသည် သတိရှိသူ သတိမလစ်သူ
များဖြစ်ကြသည်။ ဆုတ်ယုတ်ပျက်စီးနေသူများကို
ကြည့်လျှင် မေ့လျော့ပေါ့ဆနေသူများဖြစ်ကြောင်း
သိနိုင်၏။
           ထိုသို့တိုးတက်မှု မတိုးတက်မှုကို အစွဲပြု၍
"မမေ့မလျော့ မပေါ့ဆသူမှာ မသေ ရှင်နေသူဖြစ်
၍ မေ့လျော့ပေါဆသူမှာ လူသေနှင့်မခြား"ဟု
ဘုရားရှင်ဟောတော်မူ၏။
             တရားအားထုတ်မှုတွင်ကား ဤသတိမှာ
ပို၍လိုအပ်သည်။ထိုသို့အရေးကြီးသောကြောင့်
ပင် ရှင်တော်မြတ်ဘုရားသည် နေ့စဉ်ဆွမ်းခံ
အပြန် ခြေဆေးခုံမှာပင်ရပ်ကာ "အပ္ပမာဒေန သမ္ပာဒေထ"စသည်ဖြင့် ဒုလ္လဘတရားငါးပါးကို
အမြဲတမ်း ဟောကြားတော်မူ၏။
               နောက်ဆုံး ပရိနိဗ္ဗာန်စံခါနီးတွင်ပင်
"အပ္ပမာဒေန သမ္ပာဒေထ"ဟု နိဂုံးချူပ် တရား
လက်ဆောင်အဖြစ်ပေးကာ ပရိနိဗ္ဗာန်ဝင်စံတော်
မူခဲ့သည်။
                 သဒ္ဓါနှင့်ပညာ သမာဓိနှင့်ဝီရိယ ဤ
တရားများမှာ တစ်ခုနှင်တစ်ခုမညီမျှပဲ တစ်ခုက
လွန်နေလျှင်အကျိုးမပြီး အပြစ်ပင်ဖြစ်တတ်ရာ
သတိမူကား လွန်သည်ဟုမရှိ ကိစ္စတိုင်းမှာ အား
ကြီးသောသတိကိုလိုအပ်ကြောင်း ဘုရားရှင်
ဟောကြားတော်မူကြောင်း ရေးသားရပေသည်။

                          ရွှင်လန်းချမ်းမြေ့ပါစေ
                             

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment