"ပျားတစ်စက်ကြောင့် ပြည်ပျက်ကုန်ကြ"
ရှေးအခါက ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း
မင်းပြု၏ ထိုမင်းတွင် ပုရောဟိတ်ပုဏ္ဍားတစ်
ယောက်ရှိသည်။တစ်နေ့သောအခါ ဗြဟ္မဒတ်မင်း
နှင့် ပုရောဟိတ်တို့သည် ပျားရည်ဆမ်းထားသော
ပေါက်ပေါက်ကို သုံးဆောင်ကြ၏။
ထိုပေါက်ပေါက်မှ ပျားရည်တစ်စက်သည်
ခင်းထားသောပိတ်ဖြူပေါ်သို့ကျလေသည်။ ထို
ပျားရည်စက်ကို ယင်ကစုပ်သည်။ ပျားရည်စုပ်
သောယင်ကို ပင့်ကူကကိုက်သည် ပင့်ကူကို
အိမ်မြောင်ကကိုက်သည်။
အိမ်မြောင်ကိုကြွက်ကကိုက်သည် ကြွက်
ကိုကြောင်ကကိုက်သည်။ထိုကြောင်ကို တစ်ဖန်
ခွေးကကိုက်ပြန်၍ ကြောင်ရှင်မင်းသားနှင့် ခွေး
ရှင်မင်းသားတို့ ခိုက်ရန်ဖြစ်ကြရာ ပြည်သူပြည်
သားများပါ ပါဝင်လာပြီး ပြည်ပါပျက်လေသည်။
ဘာမဟုတ်သော ပြသနာကိစ္စလောက်
ဖြင့် အချင်းချင်းမညီညွတ်ကြလျှင် ထိုမညီညွတ်
မှုကြောင့် ဖြစ်ပွါးရသောစစ်မက်များကြောင့်
စတေးရသော အသက်သွေးချွေးများသည် ထို
ပြသနာကိစ္စများနှင့် နှိုင်းယှဉ်ကြည့်လျှင် ထိုက်
တန်ပါမည်လား???
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment