"ပေါင်းထိုက် မပေါင်းထိုက်"
လောက၌ ဘေးရန်အန္တရာယ်များသည်
လူမိုက်များကြောင့်သာဖြစ်ရသည်ဟု ဘုရားရှင်
ဟောတော်မူသည်။
ထို့ကြောင့် အများဆင်းရဲရေး ဘေးရန်
အန္တရာယ်ကို ဖန်တီးတတ်သူလူမိုက်များမှာ
ကြောက်လန့်ဖွယ်ပုဂ္ဂိုလ်များသာတည်း။
အများချမ်းသာကောင်းစားရေးကိုသာ
ပြုတတ်သော သူတော်ကောင်းများမှာ ချစ်ခင်
မြတ်နိုးဖွယ်ရာ ဖြစ်ရ၏။
ထို့ကြောင့် တတ်သိပညာရှင်များက
"ပညာဖြင့် တန်းဆာဆင်ထားစေကာမူ လူ
ယုတ်ကို ရှောင်ရမည်သာ။ ပတ္တမြားဆင်ထား
သောမြွေသည် အန္တရာယ်မပြုတတ်ပဲ ရှိပါမည်
လား" ဟုမိန့်ဆိုကြသည်။
မီးလောင်သောအိမ်၌ မီးသည်အိမ်ကို
လည်းလောင် အိမ်ကိုမှီနေသောလူများကိုလည်း
လောင်တတ်သကဲ့သို့ လူမိုက်သည် မိမိအယူမှား
အပြုမှားဖြင့် မိမိကိုလည်းဖျက်ဆီး၍ မိမိစကား
လိုက်နာသူတို့ကိုလည်း ပျက်စီးဆုံးရှုံးစေတတ်၏။
ဘေးရန်ဖြစ်လာသောအခါ အကွယ်အ
ကာ အစောင့်အရှောက်ကောင်းဖြစ်သကဲ့သို့
လည်းကောင်း အမိုက်အမှောင်ဖြစ်သောအခါ
ဆီမီးကဲ့သို့လည်းကောင်း မှန်ကန်သင့်မြတ်သော
အပြုအမူအယူအဆရှိသော ပညာရှိကား မိမိကို
လည်းကောင်း မိမိအားမှီခိုသူများကိုလည်း
ကောင်း ဘေးအန္တရာယ်ကင်းစေ ချမ်းသာစေ
တတ်ပေ၏။
ထို့ကြောင့် "ကောင်းမြတ်သော အကျင့်
၌ မိမိထက်သာသူ တန်းတူရည်တူမရလျှင် တစ်
ယောက်ထဲကျင့်ရမည် ဘာ့ကြောင့်နည်းဟူမူ
ကား လူမိုက်၌ သဟာယဖြစ်ကြောင်း ကောင်း
မြတ်သောဂုဏ်ရည်များ မရှိသောကြောင့်ဖြစ်
သည်"ဘုရားရှင်ဟောတော်မူသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment