"လူမိုက်"
လူမိုက်ဟုသိနိုင်သော အမှတ်အသားများ
ကား မကောင်းသောစကားကိုပြောခြင်း
မကောင်းသောအလုပ်ကိုလုပ်ခြင်းတို့တည်း။
ဤလက္ခဏာသုံးပါးရှိသူကား အမျိုးမြတ်သူပင်
ဖြစ်စေ ပစ္စည်းဥစ္စာကြွယ်ဝသူပင်ဖြစ်စေ အစိုးရ
သူပင်ဖြစ်စေ မည်သူမဆို လူမိုက်ပင်တည်း။
ထိုသို့သောသူများကား ဤလောက၌ ဘေး
ရန်အမျိုးမျိုး ကင်းရှင်းအေးချမ်းခြင်း ဂုဏ်သတင်း
ကျော်စောခြင်း အများချစ်ခင်လေးစားခံရခြင်း ပရိ
သတ်၌ ရွံ့စိုးခြင်းကင်း စသောကောင်းကျိုးများ
မရနိုင်။ယခုဘဝ အထက်တန်းရောက်နေသူပင်
ဖြစ်စေကာမူ တမလွန်ဘဝ၌ကား သုဂတိဘုံဘဝ
ဝယ် ချမ်းသာခြင်း မခံစားရတော့ပေ။
ထိုလူမိုက်ကား ဤဘဝပင်အပြစ်ဒဏ်ခံရ
ခြင်း ဘေးရန်များခြင်း ဂုဏ်သိရ်မဲ့ခြင်း အများကဲ့
ရဲ့ခံရခြင်းစသော မကောင်းကျိုး အကျိုးမဲ့ကိုသာ
ရတတ်၏။တမလွန်ဘဝ၌လည်း လူမိုက်တို့သွား
ရာလမ်းအပ္ပါယ်သို့သာ ရောက်ရတော့၏။ထို့
ကြောင့် ခုဘဝ နောင်ဘဝအကျိုးနှစ်မျိုးကိုဖြတ်
တောက်တတ်သူ လူမိုက်ဟု ဘုရားရှင်ဟော
တော်မူ၏။
ထိုသူမျိုးမှာ ပညာတွေအဘယ်မျှတတ်
စေဦးတော့ ပညာအရသိထားသော ကောင်း
မကောင်းကို လိုက်နာရှောင်ကြဉ်ခြင်းမရှိ တလွဲ
ကျင့်သူဖြစ်၍ ပညာဖြင့်အသက်ရှင်နေသူမဟုတ်
အသက်ရှုရုံမျှဖြင့် အသက်ရှင်နေသူဟု ဘုရားရှင်
ဟောတော်မူပါသတည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment