Thursday, November 17, 2016

ကျေးဇူ့

"ကျေးဇူ့"
     
      သူပြုခဲ့ဖူးသောကျေးဇူ့ကို သိခြင်းသည် သူ
တော်ကောင်းတို့၏ လက္ခဏာတည်း။ ကျေးဇူ့
မှာ ဥစ္စာပေးခြင်း အတတ်သင်ပေးခြင်း ဆုံးမခြင်း
ဘေးရန်မှကာကွယ်စောင့်ရှောက်ပေးခြင်း
စသည်ဖြင့် မိမိအပေါ်ပြုအပ်သော သူတစ်ပါး၏
ကောင်းမှုပင်တည်း။
       ထိုကျေးဇူ့ကို နည်းသည်ဖြစ်စေ များသည်
ဖြစ်စေ အောက်မေ့ခြင်းသည် သူတော်ကောင်း
တို့၏ ကျေးဇူ့တရား မြင်တတ်ခြင်းဖြစ်၏။ ကျေး
ဇူ့ကို သိရုံသိခြင်းမျိုးမဖြစ်စေပဲ သိ၍ ကျေးဇူ့ပြန်
တတ်သူကိုသာ ကျေးဇူ့သိသူဟုဆို၏။
        အချို့က မိမိအပေါ်ကျေးဇူ့ပြုထားသူတစ်ဦး
အကူအညီလိုနေသောအခါ တုံ့ပြန်ကူညီစွမ်းနိုင်
ပါလျက် ပါးစပ်သာကောင်း၍ လက်ဟောင်း
လောင်းရှိတတ်သည်။ထိုသူများကား ကျေးဇူ့မသိ
တတ်သူများတည်း။
         အချို့ ဤသို့ မသိတတ်ရုံသာမက ကျေးဇူ့
ရှင်ကိုပင် အကျိုးမဲ့ပြုတတ်သေး၏။ကျေးဇူ့ရှင်ကို
ကျေးစွပ်သော လူမိုက်သာတည်း။
         ပုဏ္ဍားမိုက်သည် မိမိအသက်ကို ကယ်တင်
ခဲ့သော အလောင်းတော်မျောက်မင်းခေါင်းကို
ကျောက်တုံးနှင့်ထုခွဲလေသည်။ သူတော်ကောင်း
များကား ကျေးဇူ့သိတတ်ကြသည်။ကျေးဇူ့မသိ
သူမှာ လူမိုက်သာဖြစ်ရာ ထိုသူရမည့်ရလာဒ်ကား
နောင်ဘဝ ငရဲရောက်ရခြင်း ယခုဘဝကဲ့ရဲ့ခံရ
ခြင်း ကျေးဇူ့ပြုမည့်သူများရှောင်လွဲ၍ ဆင်းရဲခြင်း
စသော မကောင်းကျိုးများသာတည်း။
                                  ရွှင်လန်းချမ်းမြေ့ပါစေ
                                     

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment