Thursday, November 17, 2016

"ချုပ်ငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့"

"ချုပ်ငြိမ်းရာမှန် မြတ်နိဗ္ဗာန်သို့"

             နိဗ္ဗာနဓါတ် မမြင်တတ်သည့် နတ်နှင့်တ
ကွ တစ်လောကလုံးသည် ဤရူပ သဒ္ဒ စသည့်
အာရုံ ကာမဂုဏ်တို့ကို ချမ်းသာဟုပင် အမြင်မှား
လတ် သမုတ်အပ်ကုန်၏။
              အကြင် နိဗ္ဗာနဓါတ် တရားမြတ်၌ ထို
ဝတ္ထုအာရုံ ကာမဂုဏ်တို့သည် လုံးဝရုတ်သိမ်း
ချူပ်ငြိမ်းကြရကုန်၏။
                ဥပါဒါန်နယ် တွယ်ရာအကြောင်း
ခန္ဓာငါးပါးပေါင်း၏ လုံးဝရုတ်သိမ်း ချုပ်ငြိမ်းရာ
အမှန် မြတ်နိဗ္ဗာန်ကို။ချမ်းသာအစစ် ဧကန်ဖြစ်
၏ ဟူ၍ သန့်ရှင်းဖြူစင် အရိယာရှင်တို့သည်
ကိုယ်တွေ့ဆိုက်ထိ သိအပ်ပေပြီ။
                 နတ်လူသာမန် မမြင်တန်သည့်
နိဗ္ဗာန်တရားမြတ် ဤအငြိမ်းဓါတ်ကို မဂ်သိ
ဖိုလ်သိ အမြင်ရှိလာ အရိယာအရှင်မြတ်တို့အဖို့
ကိလေသာဟု သလ္လာတွေးဖုံး တစ်လောကလုံး
နှင့် အမြင်နှစ်ဝ ယှဉ်မရပဲ လုံးဝဆန့်ကြင်
ပြောင်းပြန်ပင် အမှားအမှန် မြင်ဟန်ယူဆ
မတူမျှချေ ဖြစ်ရပေသတည်း။
                          ရွှင်လန်းချမ်းမြေ့ပါစေ
                              

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment