"လျှာဓါးမ"
"မွေးလာသော အကြင်သူ၏ ပါးစပ်ထဲ၌ လျှာဓါးမကြီး ရှိနေ၏။ ယင်းဓါးမကြီးဖြင့် လူမိုက်
သည် မကောင်းပြောလျက် မိမိကိုယ်ကို ပိုင်းဖြတ်
တတ်၏"
ဓါးမကြီးမှာ လျှာကိုတင်စားခြင်းဖြစ်၏။
လျှာကိုအသုံးမချတတ်၍ ငရဲရောက်သူ ပြိတ္တာ
ဖြစ်သူတွေမှာ ဘုရားရှင်၏ ဟောတော်မူချက်အ
ရ မနည်းလှပြီဖြစ်ရာ ထိုသူတို့ကိုလျှာဓါးမက ပိုင်း
လိုက်ခြင်းပင်ဖြစ်တော့သည်။
သံသရာမက ယခုဘဝ၌ပင် လျှာသရမ်း
၍ ဘေးသင့်ခြင်း ကြီးပွါးမှုလက်လွှတ်ရခြင်း စ
သည်ဖြင့် လျှာအပိုင်းခံရသူတွေလည်း မနည်းလှ
လူမိုက်တို့၏လျှာသည် ဓါးမ ဖြစ်သော်လည်း လူ
လိမ္မာတို့လျှာကား သံကိုဆွဲဆောင်သောသံလိုက်
သဖွယ်ပင်ဖြစ်၏။
ချိုသာသောစကားကို မိမိနှစ်သက်
၏။ ကြမ်းတမ်းသောစကားကို မကြားလို သူတစ်
ပါးလည်းထို့အတူပင်။ သို့ဖြစ်လျှင် သူတစ်ပါးကို
မိမိလက်ခံလိုသော ချိုသာသောစကာကို မပြော
ပဲ အဘယ့်ကြောင့် မိမိပင်လက်မခံချင်သော ကြမ်းတမ်းသောစကားကို ပြောရပါအံ့နည်း။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment