Thursday, November 17, 2016

မိတ်ဆက်ခြင်း

"မိတ်ဆက်ခြင်း"
      
       "ပါရမီစခန်း ပညာလမ်း" အကောင့်တွင် မိမိ
တတ်သိနားလည်သမျှ သင့်ရာ ကောင်းနိုးရာရာ
စာအုပ်စာပေများမှလည်းကောင်း မြတ်ဗုဒ္ဓဟော
တော်မူသော ပိဋကတ်ဆိုင်ရာ စာပေများ၌ လည်း
ကောင်း သင့်ရာရွေးချယ်လျက် လှပတင့်တယ်
သော ပန်ကုံးများပမာ သီကုံး၍ ရေးသားတင်ပြခဲ့
ခြင်းသာ။ စာရေးသူအနေနှင့် ပညာရှင်တစ်
ယောက်မဟုတ်ကြောင်း ဝန်ခံပါသည်။
              သို့သော်လည်း မိမိတတ်စွမ်းသမျှ
အနည်းငယ်သောအသိကလေးမျှဖြင့် ရေးသား
တင်ပြခြင်းဖြစ်ရာ လိုအပ်နေသောအချက်များ
ရှိခဲ့ပါက ပြင်ဆင်ဖတ်ရှုပေးကြပါကြောင်း မေတ္တာ
ရပ်ခံပန်ကြားအပ်သည်။
              စာရေးသူအနေဖြင့် မိမိရှိသမျှ ဥာဏ်
အား စွမ်းအားရှိသမျှလေးဖြင့် မြတ်ဗုဒ္ဓသာသနာ
တော်အကျိုး သည်ပိုးဆောင်ရွက်ခြင်းသာဖြစ်၍
စာဖတ်သူတို့ရင်ထဲ၌ တစ်စုံတစ်ရာသော အကျိုး
စီးပွားဖြစ်ထွန်းခဲ့ပါလျှင် အစဉ်ဝမ်းမြောက်နေမည်
သာ။
              စာဖတ်ဖေါ်သူငယ်ချင်းများcbမှာ hi၍
မိတ်ဆက်လာသည့်အတွက်ကြောင့်လည်း
စာရေးသူအနေဖြင့်ဝမ်းသာပီတိဖြစ်ရပါကြောင်း
ပြောကြားလိုပါသည်။သို့သော်လည်း စာများရေး
သားခြင်း၌ချောမွေ့ရန်အတွက် စာအုပ်စာပေများ
ဖတ်ရှုလေ့လာရခြင်း post များအတွက် အချိန်ပို
ပေးနေရခြင်းကြောင့် ပြန်လည်၍ နူတ်မဆက်နိုင်
ခြင်း စကားမပြောခဲ့နိုင်ခြင်းများအတွက် အနူးအ
ညွတ် တောင်းပန်ပါကြောင်း ပြောကြားပါရစေ။
         facebook ပေါ်ရှိ သူငယ်ချင်းများအားလုံး
ကာယ စိတ္တ သုခနှစ်ဖြာ ပြည့်စုံပါစေကြောင်း
အစဉ် မေတ္တာပို့သလျက်"
                              
                               
#ငြိမ်းချမ်းပါစေ

No comments:

Post a Comment