"လူ့အဆင့်အတန်းမှီသူ"
လောက၌ ငွေကြေးဥစ္စာဓနကြွယ်ဝသူ
အတန်းပညာမှစသော ဘွဲဒီဂရီများစွာ တတ်
မြောက်အောင်မြင်သူ အဏာတန်ခိုးအစိုးရသူများ
ကို အထက်တန်းကျသူများဟု သတ်မှတ်လျက်ရှိ
ရာ ဧကန်စင်စစ်မူကား မည်မျှပင်ဥစ္စာဓနကြွယ်ဝ
မည်မျှပင်ထူးချွန်သူဖြစ်စေ မကောင်းသောစိတ်
ထားရှိသူမှာ အထက်တန်းကျသူမဖြစ်နိုင်
အောက်တန်းကျသူသာတည်း။
မကောင်းသောစိတ်ထားသည် ထို
စိတ်ရှိသူကို ယုတ်ညံ့ဆိုးဝါးသူဖြစ်အောင် ပြု
တတ်သည်။
ကောင်းသောစိတ်ထားသည် ထိုစိတ်
ရှိသူကို အထက်တန်းကျအောင်ပြုသည်ဟု
ဘုရားရှင် ဟောကြားတော်မူသည်။
သို့ဖြစ်လျှင် ပညာ စည်းစိမ်နှင့်
အာဏာရှိသူက ကောင်းမြတ်သော စိတ်ထားရှိ
လျှင် အတိုင်းထက်အလွန်ပင်။ထိုသူတို့ကိုမှီ၍
လည်း လောကသားများ အစဉ်ကြီးပွါးတိုးတက်
ကြမည်သာ။
အထက်တန်းကျသူ အောက်
တန်းကျသူ၏ အဖြစ်ကို ထိုသူ၏စိတ်ထားကပင်
ဖေါ်ပြလျက်ရှိရာ ထိုသူတို့၌ ပညာ စည်းစိမ်နှင့်
အာဏာမည်မျှပင်ရှိစေကာမူ မိမိစရိုက်ကို မပြင်
ကောင်းမြတ်မှန်သောစိတ်ထားလည်း မရှိသည်
ဖြစ်ရာ ထိုသူများလက်၌ လောကသည် ပျက်စီး
ွှရမည်သာ။
တိရစ္ဆာန်များ၌ မနာလိုခြင်း ဝန်
တိုစဉ်းလဲခြင်း ဒေါသမာန်မာနကြီးခြင်းများ လွန်
ကဲလျက်ရှိရာ ထိုစိတ်မျိုးတွေမပါအောင် ပြုပြင်
ခြင်းဖြင့် တိရစ္ဆာန်များနှင်မတူ လူ့အဆင့်အတန်း
မှီအောင် ကြိုးစားသင့်လှပေတော့သည်။
မေတ္တာကရုဏာကင်း အချင်း
ချင်းအပေါ် စိတ်ထားမကောင်းကြ၍ လူအချင်း
ချင်း တစ်ဦးနှင့်တစ်ဦး တစ်သင်းနှင့်တစ်သင်း
တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတည့်မစပ် ကွဲပြားလျက်ရှိရာ
စိတ်ထားကောင်းကြလျှင်ကား အချင်းချင် လည်
ဖက်နိုင်ကာ ငြိမ်းချမ်းသာယာသော လူ့လောက
ကို ဖန်တီးနိုင်မည်သာဖြစ်ပေတော့သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment