"လူ့ဝိနည်း"
လောက၌ မပြုသင့်သည်ကိုပြုခြင်းသည် အ
ကုသိုလ် ဖြစ်သကဲ့သို့ ပြုသင့်ရမည်ကို မပြုခြင်း
သည်လည်း အကုသိုလ်ပင်။ လူ့ဝိနည်းကျင့်ဝတ်
များမှာ အချင်းချင်း ချစ်ခင်လေးမြတ်ရန် စည်းလုံး
သင့်မြတ်ရန် ဆက်ပေးထားသော ဂဟေဆက်
များဖြစ်ရာ ဤဝတ္တရားများ မကျေပြွန်သော လူ့အ
ဖွဲ့များ၌ ပြဿနာအမျိုးမျိုး ဖြစ်ပေါ်လျက်ရှိ၏။
ဝတ္တရားကျေပြွန်သော လူများ၌ကား အမြဲ
တမ်းသာယာလျက်ရှိသည်။ မေတ္တာ ကရုဏာ မုဒိ
တာ တရား ထွန်းကားနေသော ခေတ်အခါမျိုး၌
ဆိုလျှင် ဤဝတ္တရားများမှာ အလိုလိုပြည့်လျက်ရှိ
ရာ စည်းကမ်းပင်သတ်မှတ်ဖွယ်မလိုတော့ပေ
ထို့ပြင် နေထိုင်ပုံ ပြောဆိုပုံ စားသောက်ပုံ အချင်း
ချင်းပေါင်းသင်းဆက်ဆံပုံ စသည်၌ မရိုင်းအောင်
ယဉ်ကျေးအောင် လူမျိုးအလိုက် သတ်မှတ်ထား
သော စည်းကမ်းများရှိရာ ထိုစည်းကမ်းများလည်း
လူ့ကျင့်ဝတ် ဝိနည်းပင်ဖြစ်တော့သည်။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment