"နတ်တို့အား ကိုးကွယ်ရန်မဟုတ် ပူဇော်ခြင်းသာ
သင့်ကြောင်း ဘုရားရှင်ဟောတော်မူချက်"
လောက၌ တစ်ဦးတစ်ယောက်အပေါ်မှာ အ
ခြားတစ်ဦး တစ်ယောက်က ဘယ်လိုကောင်းခဲ့
တာပဲ စသည်ဖြင့် သူ၏ကျေးဇူ့ကို ထုတ်ဖေါ်ဆို
လျှင် ပို၍မေတ္တာရှိမြဲဖြစ်သည်။
လူများအပေါ်မှာမေတ္တာထားရန်တိုက်တွန်း
သောဘုရားမြတ်သည် ထိုလူများက သင်တို့နတ်
တွေအပေါ်မှာ ဘယ်လိုကောင်းခဲ့တာပဲဟု ကျေး
ဇူ့ပြလျှင် မေတ္တာပိုသက်လာနိုင်သည်ကို မြင်
တော်မူ၍ လူတွေက နေ့ရောညပါ ပူဇော်ပသ
သည့်အဖြစ်ကို ဖေါ်ပြ၍ စောင့်ရှောက်ကြရန်
တိုက်တွန်းတော်မူသည်။
စိတ်ထားမြင့်မြတ်သူ ပညာရှင်များကား
အများအကျိုးရှိမည့် လုပ်ငန်းများကိုသာ ညွန်ပြမြဲ
ဖြစ်သည်။ ထိုပုဂ္ဂိုလ်မျိုးတို့တွင် ဗုဒ္ဓရှင်တော်ကား
အထူးခြားဆုံးဖြစ်တော်မူရာ မဟာကရုဏာရှင်
ဘုရားမြတ်၏။ ညွန်ကြားချက်များကား အများ
တကယ်အကျိုးရှိရေးသာ ဖြစ်ရမည်ဧကန်တည်း။
ဤ၌မေတ္တာထားရန် နတ်အများအား ဟောကြား
ထားသည်မှာ နတ်ရောလူပါ နှစ်ဖက်စလုံး အကျိုး
များမည့်အတွက်ဖြစ်သည်။
ဗလိ ဟူသည် ပူဇော်ဖွယ်ပေးကမ်းဖွယ်
ဝတ္ထု သာတည်း။ဗလိငါးမျိုးရှိရာ မိမိကြိုးစားရရှိ
ထားသော ပစ္စည်းများဖြင့် ဗလိငါးပါးပြုခြင်းကို
စည်းစိမ်ဥစ္စာရယူခြင်းအကြောင်းတစ်ရပ်အဖြစ်
ဟောတော်မူသည်။
နတ်များပူဇော်ခြင်းကို လောကကြီးပွါး
ရေးတစ်ရပ်အဖြစ် ဘုရားရှင်အလိုရှိသည်မှာထင်
ရှားပေ၏။ နတ်များ၌ ရှိခိုးထိုက်မရှိခိုးထိုက် နှစ်
မျိုးရှိ၏။၎င်းတို့ကို သတိရစွာ ပူဇော်ခြင်း မိမိပြု
သောကုသိုလ်ကောင်းမှုကို အမျှအတန်းပေးဝေ
ခြင်း စသည်တို့ပြုအပ်သည်သာ။
"ပညာရှိပုဂ္ဂိုလ်မျိုးသည် မိမိနေရာအရပ်၌
မြတ်သောအကျင့်ကို ကျင့်ကြကုန်သော သီလ
ရှိသူအရှင်မြတ်တို့ကို ပစ္စယာနုဂ္ဂဟ ထောက်ပံ့
လှုဒါန်းကြလျက် ထိုအရပ်၌ နေသော နတ်တို့
အား အလှုကိုရည်ညွန်းဖေါ်ပြကာ အမျှဝေရာ၏
အပူဇော်ခံကြရကုန်သော ထိုနတ်တို့သည် တုံ့
လှည့်တစ်ဖန် ပူဇော်ကြပြန်ကုန်၏။မြတ်နိုးခြင်း
ခံရကုန်သော ထိုနတ်တို့သည် ထိုမိမိအားမြတ်
နိုးသူကို တုံ့လှည့်တစ်ဖန် ပြန်လည်မြတ်နိုးကြ
လေကုန်၏။ မိခင်သည် ရင်၌မွေးဖွါးသားအရင်း
ကိုစောင့်ရှောက်သကဲ့သို့ အစဉ်စောင့်ရှောက်
လေကုန်၏"ဟု ဘုရားရှင်ဟောတော်မူ၏။
လူအချင်းချင်း ပေးကမ်းထောက်ပံ့လျှင်
အခါခပ်သိမ်မကူညီနိုင်စေကာ ၎င်းတို့တတ်နိုင်
သောအခါ အကူအညီရသကဲ့သို့ နတ်များလည်း
အရာခပ်သိမ်း ပေးစွမ်းနိုင်သည်မဟုတ်စေကာ
မူ သူတို့တတ်နိုင်သောအရာကိုကား ကူညီစောင့်
ရှောက်တတ်၏။မေတ္တာဟူသည် ရောင်ပြန်ဟပ်
သည်သာ။
သို့သော် နတ်ကိုယုံပြီးပုံမှုမျိုးကား မပြု
အပ်။ ရတနာသုံးပါး၌ ယုံကြည်မှုလွန်ကဲလေ ပို
၍ကောင်းလေဖြစ်သော်လည်း နတ်များအပေါ်၌
အလွန်အကျွံပုံ၍ ယုံကြည်မှုမျိုးကိုမူ မလုပ်အပ်
ပေ။ အချို့က ဘုရားကိုဆွမ်းတော်ကပ်ရန် သတိ
မရ နတ်ပွဲကိုမူကား အုန်းငှက်ပျော မနွမ်းစေရ
အောင် တရိုတသေ ပသကြ၏။ ဘုရားထက်ပို၍
ရိုသေလေးစားသော ပူဇော်မှုများကား မိမိ၏ဗုဒ္ဓ
ဘာသာ မပီသမှုကို ဖေါ်ပြခြင်းဖြစ်ရာ ထိုလုပ်ရပ်
မျိုးကိုရှောင်ရှားသင့်ပေသည်။
ထို့ကြောင့် နတ်များကို ကိုးကွယ်ရမည်
မဟုတ် ပူဇော်ပသခြင်းသာပြုရမည်ဖြစ်ကြောင်း
ဘုရားရှင်ဟောတော်မူသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment