Thursday, November 17, 2016

အလုပ်

"အလုပ်"

      "ချိန်ခါသိလင့် သင့်အောင်ပြုခြင်း မပျင်းမရိ
လုံ့လရှိလျက် မပျက်စီးစေ အလုပ်တွေ ရှုပ်ပွေ
မရှိရာ"

         အလုပ်တစ်ခုကို သူ့အချိန်နှင့်သူ မှန်မှန်
လုပ်လျှင် ထိုအလုပ်မှာ ချောမောစွာပြီးမြောက်
ရာ၏ အလုပ်၌ချို့တဲ့ချက်မရှိရာ။   ထိုသို့ မဟုတ်
ပါပဲ အချိန်လွန်မှစလုပ်လျှင် အလုပ်သေသပ်မှု
မရှိနိုင် အချိန်မှီမပြီးပဲ တစ်ပိုင်းတစ်စနှင့် သိမ်း
လိုက်ရပေမည်။ထို့ကြောင့် အချိန်လွန်ခြင်းသည်
အလုပ် အစမသတ် မသေသပ်ခြင်းတို့ကြောင့်
အလုပ်ရှုတ်ထွေးခြင်းပြုတတ်ရာ အချိန်မှန်ပြုလုပ်
ခြင်းမှာ သေသပ်ချောမော မရှုပ်ထွေးသော
အလုပ်ဖြစ်ကြောင်း ပင်တည်း။

            ထို့ပြင် အလုပ်နှင့်သင့်လျော်သောအရပ်
ဒေသ အချိန်ကာလ စသည်တို့ကို ရွေးချယ်ပြု
လုပ်ပါမှ အလုပ်ချောမောအောင်မြင်နိုင်သည်။
ထိုသို့မဟုတ်ပဲ မိုးလွန်မှထွန်ချဆိုသကဲ့သို့ အချိန်
မသင့်ခြင်း သဲကန္တာရ၌စပါးစိုက်သကဲ့သို့ အရပ်
ဒေသမသင့်ပါက အလုပ်မပြီးမြောက် မချောမော
ဖြစ်ရသည်။

             အချို့သောသူများကား အလုပ်ကို
ကောင်းစွာမလုပ် အကြောဆွဲလျက် ပျင်းရိကြကုန်၏။ လူပျင်းကား ပူသည်အေးသည် မိုးချူပ်သည်
စောသေးသည် ဆာသည် ဝမ်းပြည့်လွန်းသည်
ဟု ဆင်ခြေအမျိုးမျိုးပေးကာ အလုပ်ကိုရှောင်
တတ် ဖင့်နွှဲ့စေတတ်၏။ထို့ကြောင့် ၎င်းလူပျင်း
များကို စီးပွါးဥစ္စာတို့က ကျော်သွားတတ်သည်ဖြစ်
ကြောင်း အပူအအေးကို မြက်မှိုက်လောက်မျှ အ
မှုမထား ကြိုးစားအလုပ်လုပ်သူသာ ချမ်းသာနှင့်
မကွာ ရကြောင်းကို သိင်္ဂါလသုတ်၌ ဘုရားရှင်
ဟောတော်မူသည်။

             မပျင်းလျှင် လုံ့လရှိခြင်းလည်း ဖြစ်သည်
ဟုဆိုသော်လည်း တစ်ခါတစ်ရံ အလုပ်ကိုမပျင်း
တတ်သူဖြစ်စေကာမူ အလုပ်၌ စိတ်မဝင်စား အ
လုပ်မှတစ်ပါး အခြားအရေး၌ စိတ်ဝင်စားတတ်
ခြင်း စသည်ဖြင့် ပေါ့လျော့ နမော်နမဲနိုင်မှုကြောင့်
အလုပ်လစ်ဟင်းမှုဖြစ်တတ်သေးရာ ဝီရိယရှိခြင်း
ကိုလည်းသီးခြားပြရသည်။ ဝီရိယဆိုသော်လည်း
နားလည်ကျွမ်းကျင်မှု ရှိရန်လိုအပ်သည်။ အလုပ်
၌ နားလည်ကျွမ်းကျင်မှု မရှိက အလုပ်မချောမော
မပြီးမြောက်ခြင်း အလုပ်ပျက်စီးတတ်ခြင်းဖြစ်ရာ
နားလည်ကျွမ်းကျင်၍ ဝီရိယရှိသူသာ အလုပ်၌
အောင်မြင်ရမည်သာ။

            အလုပ်မလုပ်ခြင်း ကောင်းစွာမလုပ်ခြင်း
သည် အလုပ်ကို ဖျက်ဆီသည်မည်၏။ ထို့ကြောင့်
မိန်းမ အပျော်အပါးလိုက်စားခြင်း မူယစ်သေစာ
ကြူးခြင်း လောင်းကစားကြူးခြင်း စသော စီးပွါး
ပျက်ကြောင်း အလုပ်ပျက်ကြောင်းများလည်း
အလုပ်ကို ထိခိုက်ပျက်စီးစေသည်။

             ဥစ္စာယိုထွက်ကြောင်းအပေါက်ခြောက်
ပါးဖြစ်သော ပျင်းရိခြင်း မေ့လျော့ပေါ့ဆခြင်း
ဇွဲလုံ့လမရှိခြင်း မစောင့်စည်းမထိန်းသိမ်းခြင်း
အအိပ်ကြူးခြင်း ကိုယ်တစ်ဆန့်ဆန့် အပျင်းကြော
ဆွဲခြင်းများသည် အလုပ်ပျက်စီးကြောင်းများပင်
တည်း။ ထိုသူမျိုးကား အလုပ်မလုပ် လုပ်သော်
လည်း ကောင်းစွာမလုပ်၍ အလုပ်ဆို ဖျက်ဆီးသူ
များဖြစ်၍ ကြီးပွါးအောင်မြင်ရေးမှန်သမျှကို မိမိ
အကျင့်ဆိုးဖြင့် ဖျက်ဆီးတတ်သူလူမိုက်ဖြစ်
ကြောင်း ဘုရားရှင်ဟောတော်မူကြောင်း ရေးသား
လိုက်ရပေသည်။

                              ရွှင်လန်းချမ်းမြေ့ပါစေ
                                  

#ငြိမ်းချမ်းပါစေ

No comments:

Post a Comment