"အသေခ်ၤယ်"
စိႏၲိတံသတၱသေခ်ၤယ်ံအရ အသေခ်ၤယ်သရုပ္"
(၁)နႏၵအသေခ်ၤ (၂)သုနႏၵအသေခ်ၤ
(၃)ပထဝီအသေခ်ၤ(၄)မ႑အသေခ်ၤ(၅)ဓရဏီ
အသေခ်ၤ(၆)သာဂရအသေခ်ၤ(၇)ပု႑ရိက
အသင်္ချေဟူ၍ ခုနှစ်ပါးရှိ၏။
ဤခုနှစ်သင်္ချေယျတို့တွင် နန္ဒအသင်္ချေ၌
ဗြဟ္မာဒေဝအစရှိသော ဘုရားပေါင်း ငါးထောင်။
သုနန္ဒအသင်္ချေ၌ ဘုရားပေါင်း ကိုးထောင်။ ပထဝီ
အသင်္ချေ၌ ဘုရားပေါင်း တစ်သောင်းတစ်ထောင် ။
မဏ္ဍအသင်္ချေ၌ ဘုရားပေါင်း တစ်သောင်း။ ဓရဏီ
အသင်္ချေ၌ ဘုရားပေါင်း နှစ်သောင်း။သာဂရ
အသင်္ချေ၌ ဘုရားပေါင်း သုံးသောင်း။ပုဏ္ဍရိက
အသင်္ချေ၌ ဘုရားပေါင်း လေးသောင်း။ဤသို့အား
ဖြင့် ခုနှစ်သင်္ချေအတွင်း၌ ဖြစ်ကုန်သော ဘုရား
ပေါင်း တစ်သိန်းနှစ်သောင်းငါးထောင် ရှိကုန်၏။
ကျွနိုပ်တို့၏ ဂေါတမဘုရားအလောင်းတော်သည်
ထိုပွင့်တော်မူကြကုန်သော ဘုရားရှင်တို့ထံ၌ ငါ
သည် ဘုရားဖြစ်ရလို၏ဟု စိတ်ကသာကြံလျက်
များစွာသော အလှုကြီးစွာပေးခြင်းစသော ပါရမီ
သုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့သည်။
"နဝသင်္ချေယျသရုပ်"
(၁)သဗ္ဗဘဒ္ဒအသင်္ချေ၌ ပေါရာဏဂေါတမ အစရှိ
သော ဘုရားပေါင်း ငါးသောင်း။
(၂)သဗ္ဗဘလ္လအသင်္ချေ၌ ဘုရားခြောက်သောင်း။
(၃)သဗ္ဗရတနအသင်္ချေ၌ ဘုရားပေါင်း ခုနှစ်သောင်း။
(၄)ဥသဘခန္ဓအသင်္ချေ၌ ဘုရားပေါင်း ရှစ်သောင်း။
(၅)ပါဏိဘဒ္ဒအသင်္ချေ၌ ဘုရားပေါင်း ကိုးသောင်း။
(၆)ပဒုမအသင်္ချေ၌ ဘုရားပေါင်းနှစ်သောင်း။
(၇)ဥသဘ ဘဒ္ဒ အသင်္ချေ၌ ဘုရားပေါင်း ဘုရား
တစ်သောင်း။
(၈)ခန္ဓအသင်္ချေ၌ ဘုရားငါးသောင်း။
(၉)သဗ္ဗဘလ္လအသင်္ချေ၌ ဘုရားနှစ်ထောင် ပွင့်
တော်မူကြကုန်၏။
ဤကိုးသင်္ချေပေါင်းလျှင် ဘုရားပေါင်း
သုံးသိန်းရှစ်သောင်းခုနှစ်ထောင်ကုန်သော
ဘုရားရှင်တို့သည် ဖြစ်ကုန်၏။ထိုကိုးသင်္ချေ
တို့တွင် ကျွန်ုပ်တို့ဂေါတမဘုရားအလောင်း
တော်သည် နန္ဒာမည်သောပြည်၌ လောကေ
သရအမည်ရှိသော စကြာမင်းဖြစ်၏ ထိုအခါ
ကပိလဝတ်ပြည် သာကီဝင်မင်းမျိုး၌ ဖြစ်တော်
မူသော ပေါရာဏဂေါတမ မည်သောဘုရားပွင့်
တော်မူ၏။ထိုဘုရားရှင် အထံတော်၌ ဒါနစသော
ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူ၏။
"ကာယဝါစံ စတုချာတံ ၌ ဘုရားမပွင့်သော သုည
ကမ္ဘာတို့ဖြစ်ခဲ့သော လေးသင်္ချေ"
(၁)သေလအသင်္ချေ
(၂)ဘာသအသင်္ချေ
(၃)ဇယအသင်္ချေ
(၄)ရုစိယအသင်္ချေ
ဤလေးသင်္ချေတို့၌ ဘုရားမဖြစ် ပစ္စေကဗုဒ္ဓါမဖြစ်
စကြဝတေးမင်းမျှမဖြစ် အချည်းနှီးသုဉ်းခဲ့၏။
ဘုရားတစ်ဆူပွင်ဖို့ရာ အသင်္ချေများစွာပါရမီဖြည့်
ကျင့်ခဲ့ရသဖြင့် အသင်္ချေတစ်ခုတွင်ပင် ကပ်ကမ္ဘာ
အရေအတွက် မည်မျှရှိနိုင်ကြောင်း အံ့သြဖွယ်ရာ
ဘုရားရှင်တို့၏ ပါရမီတော် အနန္တကို မှန်းဆ၍
ကြည်ညို ရပါတော့သည်။
ဤ၌ ပါရမီဖြည့်ကျင့်ရာကာလ ဖေါ်ပြချက် မပြည့်
စုံသေးပါ။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment