"နတ်ဗြဟ္မာများ"
ဗြဟ္မာရုပ်များကို တန်ခိုးကြီးသောနတ်များ
ပင်မမြင်ရ သူတို့ကရုပ်တစ်မျိုးပြုပြင်ဖန်ဆင်းပြ
မှသာ မြင်ရသည်။ သာမန်လူများမှာ အဘယ်မှာ
မြင်ရပါအံ့နည်း။ ထိုမျှသိမ်မွေ့သောရုပ်ကြောင့်
ပင် ပကတိမျက်စိမျိုး ဥာဏ်မျိုးဖြင့် မမြင်ရပဲ အဘိ
ညာဉ် ဥာဏ်ထူးများဖြင့်သာတွေ့မြင်ရ၏။ထိုသို့
အဘိညာဉ်ဥာဏ်ထူးများဖြင့်သာ သိနိုင်သော
ဗြဟ္မာကို မိမိတို့မမြင်ရ၍ မရှိဟုဆိုလျှင် မှန်ဘီလူး
ဖြင့်ကြည့်မှ မြင်ရသောအရာကို ပကတိမျက်စိဖြင့်
ဖြင့်မတွေရ၍ မရှိဟုဆိုသကဲ့သာဖြစ်နေတော့
သည်။
နတ်များမှာ ဗြဟ္မာများရုပ်လောက်မသိမ်
မွေ့သော်လည်း လူတို့၏ပကတိမျက်စိဖြင့်မမြင်
ရ နတ်ပြည်သို့ ပကတိအသွားဖြင့်လည်းမရောက်
နိုင် တန်ခိုးအဘိညာဉ်ဖြင့်သာ မြင်နိုင်ရောက်နိုင်
သော ဘုံဌာနနှင့် သတ္တဝါမှာ နတ်ပြည်နှင့်နတ်
များသာတည်း။ ၎င်းဘုံဌာနကား ဈာန်လောက်အ
ရှိန်မကြီးသော ကာမကုသိုလ်၏ အကျိုးပေးများ
သာ။ ရှေးက ဘုရားရှင်နှင့် တန်ခိုးကြီးရဟန္တာများ
သာသနာပ ရသေ့များ နတ်ပြည် ဗြဟ္မာ့ပြည်သို့
သွားရောက်ကြောင်းအထင်အရှားပင်။
အချို့က မမြင်ရ၍ နတ်လောကကို
ဝိညာဉ်လောကဟုဆို၏။ အမှန်မှာ ဝိညာဉ်သာမ
က ရုပ်နာမ်ကလာပ်စည်းများဖြင့် ဖွဲ့စည်းထား
သော ခန္ဓာများသာတည်း။ သိမ်မွေ့သောရုပ်ဖြစ်
၍မမြင်ရခြင်းပင်။ လောက၌လေ၌ရှိသောရုပ်မှာ
အထိအတွေ့ရှိသောလည်း မမြင်ရ။ အသံအဆက်
ဆက် လှိုင်းလွှင့်ပြန့်လာသော အသံလှိုင်းရုပ်ဆို
လျှင် ထိတွေ့မှုမထင်ရှားသော်လည်း တုန်ခါခြင်း
ကြားခြင်းဖြင့် သိရသေး၏။ နတ်ဗြဟ္မာများကား
ထိုရုပ်များထက်သိမ်မွေ့သောရုပ်များရှိသည်ဖြစ်
၍ ပကတိမျက်စိဖြင့် မမြင်ရခြင်းပင်ဖြစ်သည်။
သိပ္ပံပညာထွန်းကားသောယခုခေတ်၌
သိပ္ပံပညာဖြင့်စမ်းသပ်၍မရက လက်မခံလိုကြ
သိပ္ပံပညာမှ လိုက်မမှီနိုင်အောင် သိမ်မွေ့ထူး
ဆန်းလှသော သဘာဝတရားများ များစွာပင်ရှိနေ
သေးသည်ကို မမေ့အပ်ပေ။ နတ်ပြည်သိရေးမှာ
သိပ္ပွ၏ အရာမဟုတ် ဒိဗ္ဗစက္ခု အဘိညာဉ်၏ အရာ
သာ နတ်ပြည်သွားနိုင်ရေးမှာ သိပ္ပံအရာမဟုတ်
ဣဒ္ဓိဝိဓ တန်ခိုးအဘိညာဉ်၏အရာသာ။ ဘာဝနာ
အစွမ်းဖြင့် ရနိုင်သောနိဗ္ဗာန်ကို ထိုဘာဝနာမှု မ
ကြိုးစားပဲလျက် နိဗ္ဗာန်ဆိုသည်မှာ အပြောသာ
အဟုတ်မရှိဆိုလျှင် ထိုသူ၏ အပြစ်သာဖြစ်သကဲ့
သို့ ဘာဝနာအစွမ်းကြောင့် ရနိုင်သောတနခိုးများ
ဖြင့် သာ မြင်နိုင်ရောက်နိုင်သော နတ်ပြည်ဗြဟ္မာ
ပြည်များကို ထိုဘာဝနာမှု မပြု၍ ထိုတန်ခိုးမရ
သောကြောင့် မမြင်ရ၍ မရှိဟုဆိုလျှင် ထိုသူ၏
အပြစ်သာ ဖြစ်ကြောင်း ဘုရားရှင်ဟောတော်မူ
၏။
ရွှင်လန်းချမ်းမြေ့ပါစေ
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment