"အရိယာ"
အရိယာ ဆိုသည်မှာ စင်ကြယ်သောပုဂ္ဂိုလ်
များပင်တည်း။ ကိလေသာထူပြောလှသော ပုထုဇဉ်
အဖြစ်မှ ကိလေသာအများအပြားတို့ကို
ို ပယ်ရှား
နိုင်ခြင်းကြောင့် စင်ကြယ်သောအရိယာ
အဖြစ်
ဆိုက်ရောက်သူများဟုဆိုလိုသည်။
ထိုအရိယာအဖြစ်ရောက်ရန် ကိလေသာ
တို့ကို ပါယ်ခွါနိုင်ကြောင်း အလုပ်ကိုလုပ်ရ၏။
ရုပ်နာမ်ခန္ဓာတို့၏ အရှိအဖြစ်ကိုမမြင် မရှိသော
အတွေးအကြံစိတ်၏ ဖန်တီးချက်တွေကို မြင်နေ
ရ၍ ကိလေသာများဖြစ်ရ၏။
အမှန်ရှိသော ရုပ်နာမ်ကိုသာ ရှုမှတ်ဆင်
ခြင်နေသော် ကိလေသာဖြစ်ခွင့်မရ ထိုရုပ်နာမ်တို့
ကို အမှန်အတိုင်းရှုနေသောဥာဏ်က ကိလေသာ
တို့ကို ပယ်ခွါလျက်ရှိနေ၏။ထိုဥာဏ်ကို ဝိပဿ
နာ (အနိစ္စ စသော အခြင်းအရာအာဖြင့် အမျိုးမျိုး
အဖုံဖုံရှုသော)ဥာဏ်တည်း။
အကြင်ပုဂ္ဂိုလ်၏ သဏ္ဍာန်၌ ထိုဝိပဿ
နာဖြင့် ကိလေသာတို့ကို ပယ်လျက်ရှိနေရာ
ဥာဏ်အဆင့်ဆင့်တက်၍ အားရှိလာသောအခါ
သင်္ခါရတို့ကိုရှုမြင်နေသောဥာဏ်မှ သင်္ခါရတို့
ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့မျက်မှောက်ပြုသော ဥာဏ်
သို့ ဆိုက်ရောက်ရတော့သည်။ ပထမဆုံးရောက်
သောမဂ်မှာ သောတာပတ္တိမဂ်တည်း။
ဤမဂ်အခိုက်မှာ စိတ်တစ်ခုစာမျှ
အလွန်တိုတောင်းလျှင်မြန်လှ၏။ထိုအခိုက်ကို
ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်သည်မှာ
ထိုစိတ်၏ထူးခြားချက်ပင်တည်း။သောတာပတ္တိ
မဂ်ရှေ့မှ ဂေါတြဘူဖြစ်၏။ထိုဂေါတြဘူကား ဝိပ
ဿနာ၏ နောက်ဆုံးဖြစ်ရာ ထိုစိတ်သည် ရှေး
ဝိပဿနာတွေယူနေကျ သင်္ခါရအာရုံကိုလွှတ်ကာ
နိဗ္ဗာန်အာရုံကိုစယူလိုက်၏။
ထိုသို့ စယူလိုက်ခြင်းဖြင့် ပုထုဇဉ်အ
ဖြစ် ဤတွင်နေရစ်တော့ဟု ကန့်သတ်ကာ မိမိ
ယူထားသော နိဗ္ဗာန်ကိုအာရုံယူကာ ဒိဋ္ဌိဝိစိကိစ္ဆာ
စသော ကိလေသာအချို့ကိုသတ်တော့သည်။
ဤသို့ဖြင့် ထိုအခိုက်မှာ ကိလေသာများသူ ပုထု
ဇဉ် အဖြစ်မှ ကိလေသာစင်ကြယ်သူ အရိယာအ
ဖြစ်သို့ ဆိုက်ရောက်လေတော့သည်။
ကိုယ်တွေ့ဆိုက်ထိသိမြင်နိုင်ကြပါစေ။
#ငြိမ်းချမ်းပါစေ
No comments:
Post a Comment